Wednesday, December 30, 2015

တရုတ်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပါကစ္စတန်ရေတပ်သင်္ဘောနှစ်စင်း ရှန်ဟိုင်းသို့ရောက်ရှိ




The Mirror Daily's photo.


ရှန်ဟိုင်း ဒီဇင်ဘာ ၂၉

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်နှစ်စင်းသည် တရုတ်ရေတပ်နှင့်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်အတွက် ရှန်ဟိုင်းမြို့ပင်လယ်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း၊ တရုတ်ရေတပ်နှင့် ပါကစ္စတန်ရေတပ်တို့အကြား စစ်ဆင်ရေး လုပ်ငန်းစွမ်းဆောင်ရည်အရ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပေါင်းစည်းဆောင်ရွက်ရေးတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်ကြောင်း ယနေ့ဆင်ဟွာသတင်း၌ ဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်နှင့် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖြစ် ပူးတွဲ ရေတပ်လေ့ကျင့်မှုများ ဆောင်ရွက်ရန် ပါကစ္စတန်ရေတပ်မှ ရှမ်ရှီယာနှင့်နာဆားအမည်ရှိ စစ်ရေယာဉ်များသည် ဒီဇင်ဘာ ၂၈ ရက်တွင် ရှန်ဟိုင်းမြို့ရှိ ရေတပ်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ပါကစ္စတန်နှင့်တရုတ်ရေတပ်ဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လေ့ကျင့်မှုများတိုးမြှင့်ဆောင်ရွက်ရေးသည် နှစ်နိုင်ငံရေတပ်သမိုင်းကြောင်း တွင် ထူးခြားမှုဖြစ်ကြောင်း ပါကစ္စတန် အမှတ် ၂၅ ဖျက်သင်္ဘောအုပ်စု၏ ဦးစီးမှူး ဘီလ်လဟ်အဗ္ဗဒူလ် နာဘီဟာက တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ်သတင်းစာသို့ ပြောကြားသည်။

တရုတ်နှင့်ပါကစ္စတန်ရေတပ်များ၏ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် ပါကစ္စတန်စစ်ရေယာဉ်နှစ်စင်းနှင့်အတူ ရေတပ်အရာရှိနှင့် စစ်သည် ၅၉၁ ဦး လိုက်ပါလာသည်။

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်နှစ်စင်းနှင့်ရေတပ်တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ရှန်ဟိုင်းမြို့၌ ခြောက်ရက်ကြာနေထိုင်မည်ဖြစ်သည်။

ဆင်ဟွာ။


No comments:

Post a Comment