Tuesday, December 1, 2015

ရွှေ့ပြောင်းဒုက္ခသည်အရေး ဥရောပသမဂ္ဂနှင့်တူရကီ ပူးပေါင်းဆောင်ရွက် ဥရောပသမဂ္ဂက တူရကီနိုင်ငံရှိ ဒုက္ခသည်နှစ်သန်းကျော်ကို ယူရိုသုံးသန်းကူညီ




Myanmaalinn's photo.
ဘရပ်ဆဲလ် နိုဝင်ဘာ ၃ဝ

တူရကီအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများ ဥရောပသို့ဝင်ရောက်ရာတွင် ငွေကြေးနှင့်ဗီဇာအကူအညီများ ပေးသွားရန် အီးယူနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ခြေလှမ်းသစ်များ စတင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က တနင်္ဂနွေနေ့တွင် ကတိပြုပြောကြားလိုက်သည်။
ဥရောပ ခေါင်းဆောင်များနှင့် တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတို ဂလူတို့သည် တနင်္ဂနွေနေ့က ဘရပ် ဆဲလ်မြို့၌ တွေ့ဆုံခဲ့ကြပြီး လွန်ခဲ့ သောလက သံတမန်နည်းလမ်း အရ ဆောင်ရွက်ခဲ့သည့် သဘော တူညီချက်အပေါ် ပြန်လည်သုံးသပ် ခဲ့ကြသည်။ အီးယူနိုင်ငံများက ထောင်ပေါင်းများစွာသော ဆီးရီး ယားဒုက္ခသည်များ အီးယူ ၂၈ နိုင်ငံသို့ဝင်ရောက်ရေး အကန့် အသတ်ဖြင့်သာ ဆောင်ရွက်ခဲ့ ကြသည်။
''ဥရောပအထိ မသွားရောက် နိုင်တဲ့ဒုက္ခသည်တွေကို တူရကီ နိုင်ငံက ပိုမိုလက်ခံနိုင်ဖို့ ကြိုးစား နေပါတယ်'' ဟု တူရကီဝန်ကြီး ချုပ်က သတင်းထောက်များအား ပြောသည်။
တူရကီနိုင်ငံ၏ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရေး ကြိုးစားမှုကို ဥရောပသမဂ္ဂနိုင်ငံ ခေါင်းဆောင်များက အကူအညီ ပေးမည်ဖြစ်သလို အပြန်အလှန် အားဖြင့် တူရကီမှဒုက္ခသည်များ ဥရောပသို့ စီးဆင်းဝင်ရောက်မှုကို တူရကီနိုင်ငံက ထိန်းချုပ်ဟန့်တား ပေးရန် ဥရောပသမဂ္ဂနှင့်တူရကီ နိုင်ငံတို့သဘောတူခဲ့ကြသည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များနှင့် တူရကီ ဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူ တို့က ယင်းသဘောတူညီချက်ကို ဘရပ်ဆဲလ်၌ နိုဝင်ဘာ ၂၉ ရက် က ကျင်းပသောအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဥရောပသမဂ္ဂက တူရကီနိုင်ငံရှိ ဒုက္ခသည်နှစ်သန်းကျော်ကို ပိုမို ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန်အတွက် ယင်းနိုင်ငံ ကို ယူရိုသုံးသန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၂သန်း အကူအညီပေးရန် သဘောတူခဲ့သည်။
အဆိုပါငွေကြေးသည် လူနေ မှု အဆင့်အတန်းမြင့်မားရေးနှင့် အီးယူနိုင်ငံများတွင် ဆီးရီးယား ဒုက္ခသည်များ ပိုမိုနေထိုင်ခွင့်ရရှိ ရန်တို့အတွက်ဖြစ်သည်ဟု ဆိုသည်။
ဥရောပသမဂ္ဂသည် တူရကီ နိုင်ငံ၏ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ရေး မပြီးပြတ်သေး သောအစည်းအဝေးကို ဒီဇင် ဘာလဆန်းတွင် ပြန်လည်စတင် ရန် သဘောတူခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂက လာမည့်ဆောင်း ရာသီမှစ၍ တူရကီနိုင်ငံသား များကို ဥရောပသမဂ္ဂတွင် ဗီဇာ မပါဘဲ ခရီးသွားရန်သဘောတူခဲ့ သည်။
အပြန်အလှန်အားဖြင့် တူရကီ က နယ်စပ်ဒေသကို ပိုမိုထိန်းချုပ် ရမည်ဖြစ်ပြီး တရားမဝင် ဝင်ရောက် မှုများကို တိုက်ဖျက်နှိမ်နင်းရမည် ဖြစ်သည်။
ထို့အပြင် တူရကီနိုင်ငံအနေ ဖြင့် ဥရောပသမဂ္ဂနိုင်ငံသို့ ဝင် ရောက်ခဲ့ဖူးသော ဒုက္ခသည်များ ကိုလက်ခံရန် သဘောတူရမည် ဖြစ်သည်။
အစည်းအဝေးပြီးနောက် တူရ ကီဝန်ကြီးချုပ် အာမက်ဒါဗူတို ဂလူကတူရကီနိုင်ငံက ဥရောပ သမဂ္ဂနှင့်ပူးပေါင်းပြီး ဒုက္ခသည် ဝင်ရောက်မှုကို ပိတ်ဆို့ရမည် ဖြစ်ကြောင်းပြောခဲ့သည်။ သို့သော် လည်း အချို့ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အဆိုပါ ကိစ္စကို ယုံရခက်ကြီးဖြစ်နေသည်။
ကုလသမဂ္ဂက ယခုနှစ်တွင် ရွှေ့ပြောင်းဒုက္ခသည် ၈၇ဝဝဝဝ ကျော် ဥရောပသမဂ္ဂသို့ဝင်ရောက် ခဲ့ကြောင်း ပြောခဲ့သည်။
အများစုမှာ တူရကီမှဖြတ်ပြီး ဝင်ရောက်လာခြင်းဖြစ်သည်။ ၄င်း တို့သည် ဆီးရီးယားပြည်တွင်း စစ်နှင့် အခြားသောနိုင်ငံများမှ တိမ်းရှောင်လာသူများ ဖြစ်ကြ သည်။

(အင်န်အိတ်ခ်ျကေ/ ရိုက်တာ)

No comments:

Post a Comment