Tuesday, December 1, 2015

လေးဆယ်ကျော်ပေမယ့် လှနေဆဲ မင်းသမီး ကင်မ်ဟေစိုး




မင်းသားချော ဘေယောင်ဂျွန်းနှင့် တွဲဖက်ရိုက်ကူးခဲ့သည့် ''Did We Really Love?၊''ရုပ်သံဇာတ်လမ်းတွဲဖြင့် မြန်မာပရိသတ်များနှင့် စတင်ရင်းနှီးခွင့် ရခဲ့သော တောင်ကိုရီးယားမင်းသမီးချော ကင်မ်ဟေစိုးသည် နိုဝင်ဘာ ၂၇ ရက်က သူ၏ဆွဲဆောင်မှုရှိဆဲ ခန္ဓာကိုယ်အလှကို ရိုက်ကူးထားသည့် ဓာတ်ပုံ များကို အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သည်။


အဆိုပါဓာတ်ပုံများတွင် မင်းသမီးသည် အနက်ရောင်တီရှပ်အကျပ်နှင့် ဂျင်းဘောင်းဘီကို ရွှေရောင်ခါးပတ်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး ယင်းရိုးရိုး ရှင်းရှင်းဝတ်စုံနှင့်ပင် သူ၏စမတ်ကျလှသော ကိုယ်ခန္ဓာအချိုးအစားမှာ ပေါ်လွင် နေကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့သည်။


ကင်မ်ဟေစိုးသည် ၁၉၇ဝ ခုနှစ် စက်တင်ဘာ ၅ရက်က မွေးဖွားခဲ့သူ ဖြစ်သည့်အတွက် ယခုအချိန်တွင် အသက်အရွယ်အားဖြင့် ၄၅ နှစ် စွန်းခဲ့ပြီဖြစ် သော်လည်း လှနေဆဲဖြစ်ကြောင်း သူ၏ဓာတ်ပုံများက သက်သေပြလျက်ရှိသည်။


ကင်မ်သည် အနုပညာဘက်တွင်လည်း အထူးအောင်မြင်ခဲ့သူဖြစ်သည်။ သူသည် ၁၉၈၆ ခုနှစ်မှစတင်ကာ ရုပ်ရှင်နယ်ပယ်အတွင်း ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်များစတင်ရိုက်ကူးခဲ့ရာ ယနေ့အချိန်အထိ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ ခြောက်ဆယ်ခန့် ပါဝင်ရိုက်ကူးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆု အပါအဝင် အခြားသောသရုပ်ဆောင်ထူးချွန်ဆု စုစုပေါင်း ၃၅ ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။



အေးပြည့် - ရေးသားသည်။

No comments:

Post a Comment