Wednesday, December 2, 2015

ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များအား ဗြိတိန်ပါဝင်၍ လေကြောင်းမှတိုက်ခိုင်မည်



Myanmaalinn's photo.
လန်ဒန် ဒီဇင်ဘာ ၁

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်တို့အား လေကြောင်းမှတိုက်ခိုက်ရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က လွှတ်တော်တွင် မဲခွဲအတည်ပြုရေး တစ်ရက်ကြာ စကားစစ်ထိုးပွဲပြုလုပ်ကာ တိုက်တွန်းခဲ့ကြောင်း ဗြိတိန်မီဒီယာ များက တနင်္လာနေ့တွင် ဖော်ပြခဲ့ကြသည်။
ဆီးရီးယားရှိ အိုင်အက်စ်တို့အား မိမိတို့ မဟာမိတ်တို့နှင့်အတူ လေကြောင်းမှ တိုက်ခိုက်ရန် ပါလီမန်က ခွင့်ပြုပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကင်မရွန်း၏ ပြောကြားချက်ကို ဗြိတိန်စကိုင်းနယူးတွင် တနင်္လာနေ့က ဖော်ပြသည်။
ဗြိတိန်လေတပ်အနေဖြင့် အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို အကန့်အသတ်ဖြင့် တိုက်ခိုက်နေကြောင်း၊ ပါလီမန်အဖွဲ့ဝင်များအနေဖြင့် ဆီးရီးယားရှိ ပစ်မှတ်များကိုလည်း တိုက်ခိုက်ရန်ခွင့်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့် ကြောင်း ၄င်းက ပြောကြားသည်။ ယခုအထိ နိုင်ငံတကာက အဆိုပါကိစ္စကို စိတ်ဝင်စားနေကြောင်း မိမိတို့ မဟာ မိတ်များနှင့်အတူ ပါဝင်တိုက်ခိုက်သင့်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်ပေးခြင်း လည်းဖြစ်ကြောင်း ၄င်းက ပြောသည်။

(ဆင်ဟွာ)

No comments:

Post a Comment