Wednesday, December 30, 2015

ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်အားခေါ်ယူရန် ဂျူဗင်တပ်နှင့် အင်တာမီလန်အပြိုင်ကြိုးပမ်းနေ



The Mirror Daily's photo.


ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ဖာဘရီဂတ်သည် ယခုနှစ်ဘောလုံးရာသီ တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသော်လည်း အီတလီစီးရီးအေကလပ်အသင်းများဖြစ်ကြသည့် ဂျူဗင်တပ် အသင်းနှင့် အင်တာမီလန်အသင်းတို့သည် ဖာဘရီဂတ် အားခေါ်ယူရန် အပြိုင်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ကွင်းလယ်ကစားသမားဖာဘရီဂတ်အနေဖြင့် ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသည့် ချယ်လ်ဆီးအသင်းမှ ထွက်ခွာဖြစ်မည်ဆိုပါက ဂျူဗင်တပ်အသင်းနှင့် အင်တာမီလန်အသင်းတို့က လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသွားမည်ဟုဆိုထားသည်။

ဂျူဗင်တပ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ ကာလအတွင်းက အဓိကကစားသမားအများအပြားဆုံးရှုံး ခဲ့ရခြင်းကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်ပိုင်းမှာ ထင်သလောက်ခရီးမပေါက်ခဲ့ပေ။ ထို့ကြောင့် အာဆင်နယ်နှင့် ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်ကို ခေါ်ယူရန် ဆန္ဒပြင်းပြနေခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အင်တာမီလန်အသင်းသည်လည်း လက်ရှိတွင် အီတလီစီးရီးအေအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိပြီး လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်တစ်နေရာရရှိရန်အတွက် အသင်း၏ ကစားသမား အင်အားတောင့်တင်းမှုကို ထပ်မံဖြည့်တင်းရန် စီစဉ်ထားကြောင်း သိရသည်။

ကွင်းလယ်ကစားသမား ဖာဘရီဂတ်သည် ဝက်ဖို့ဒ် အသင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် မန်ယူ အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ဂိုးမရှိသရေကျခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင်လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
(ငွေကြယ်)

No comments:

Post a Comment