Tuesday, December 1, 2015

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာညီလာခံ ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ မှ ခေါင်းဆောင်များ တက်ရောက်မည်



The Mirror Daily's photo.


ပါရီ နိုဝင်ဘာ ၃ဝ

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာညီလာခံသို့ တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကမ္ဘာ့ခေါင်းဆောင်များသည် ပြင်သစ်နိုင်ငံ ပါရီမြို့ ဆင်ခြေဖုံးရှိ လီဘောဂေးအရပ်၌ စုဝေးရောက်ရှိနေကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

ရက်သတ္တနှစ်ပတ်ကြာ ကျင်းပမည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅ဝ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ကမ္ဘာ့ခေါင်းဆောင်များအားလုံးက မျှော်လင့်စောင့်စားခဲ့ကြသော ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာညီလာခံ၌ ၂ဝ၂ဝ ပြည့်နှစ်ကို ကျော်လွန်၍ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး နိုင်ငံတကာသဘောတူညီချက်သစ် ပေါ်ထွက်လာရန် ရည်မှန်းကြသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ၁၉၉၇ ခုနှစ် တိုကျို သဘောတူညီချက်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့လျှော့ချရေး သဘောတူညီချက်သစ်ရရှိခြင်းဖြင့် ကမ္ဘာ့အပူချိန် မြင့်တက်နေမှုကို ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြသည်။

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းပြောရန် စီစဉ်ထားသည်။

ကမ္ဘာပေါ်တွင် စီးပွားရေးဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှင့်မှုလျှော့ချနိုင်ရန် ရုပ်ကြွင်းလောင်စာ မဟုတ်သည့် အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှုကို ၂ဝ၃ဝ ပြည့်နှစ်ထက် နောက်မကျဘဲ ၂ဝ ရာခိုင်နှုန်းခန့်အထိ မြှင့်တင်သွားရန် ရည်မှန်းထားကြောင်း သတင်းတွင် ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment