Tuesday, December 1, 2015

ယခုနှစ်အတွက် မီးခိုးမြူတိမ်များ ကြီးမားစွာ ကျဆင်းမည်ဟု ပေကျင်းတွင် ပထမဆုံးအကြိမ် သတိပေးချက်ထုတ်ပြန်



The Mirror Daily's photo.


ပေကျင်း နိုဝင်ဘာ ၃ဝ

တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် ယခုနှစ်အတွင်း မီးခိုးမြူတိမ်များ အထူထပ်ဆုံး ကျဆင်းမည်ဟူသော သတိပေးချက်တစ်ရပ်ကို နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယင်းထုတ်ပြန်ချက်မှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း က မီးခိုးမြူတိမ်ကျဆင်းမှုနှင့် ပတ်သက်သည့် အဝါရောင်အဆင့် ဘေးအန္တရာယ်ရှိမှုကို တိုးမြှင့်ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အနီရောင်အဆင့် ဘေးအန္တရာယ်ရှိမှု သတိပေးထုတ်ပြန်မှုကို ဒုတိယအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁ ရက်မတိုင်မီ အေးမြသောရာသီမရောက်မီ နောက်နှစ်ရက်အတွင်း လေထုစွတ်စိုထိုင်းမှိုင်းမှုအတွက် လိုအပ်ချက်များ ရှိနေခြင်းကြောင့် မီးခိုးမြူတိမ်များ ကြာရှည်စွာ တည်ရှိနေမည်ဟု ပေကျင်းမြို့တော် စည်ပင်သာယာရေးအဖွဲ့ ရာသီဥတုခန့်မှန်းရေးဌာနက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်တွင် ခန့်မှန်းချက်များအရ မြို့တော်ပေကျင်းနေရာဒေသအများစု၌ လေထုအတွင်း၌ အမှုန်အမွှားများ ပါဝင်မှုမှာ လေထုတစ်ကုဗမီတာတွင် ၂ ဒသမ ၅ မိုက်ခရွန်အရွယ်အစားရှိသော အမှုန်အမွှား ၂၇၄ မိုက်ခရိုဂရမ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။

မြို့တော်အတွင်း လိမ္မော်ရောင်အဆင့်ရှိ လေထု ညစ်ညမ်းမည်ဟု သတိပေးချက်ထုတ်ပြန်ပါက စက်မှု လုပ်ငန်းစုတွင်ပါဝင်သည့် စက်ရုံများမှ မီးခိုးမြူများ ထုတ်လုပ်မှုကို ပြန်လည်ပြင်ဆင်လျှော့ချ ထုတ်လွှတ်ခြင်း၊ သို့မဟုတ် လုပ်ငန်းများ ပိတ်သိမ်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည်။ အလားတူ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်ဒေသများမှ လုပ်ငန်းများအတွက် ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်လေးတင်ယာဉ်များအား လမ်းမများပေါ်၌ မောင်းနှင်နေခြင်းကို ရပ်ဆိုင်းရမည် ဖြစ်သည်။

မြို့တော်ပေကျင်း မြူနီစီပယ်မှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံများ၏ ကွင်းပြင်လယ်မီးရှို့ဆောင်ရွက် ရာမှ ဘေးသင့်ဓာတ်ငွေ့များ ထွက်ရှိလာမှုကို စောင့်ကြည့်လျက်ရှိသည်။
ဆင်ဟွာ။

No comments:

Post a Comment