Tuesday, December 1, 2015

ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားပြီးမိခင်များအား အာဟာရဖြစ်စေမည့် အစားအစာများထောက်ပံ့




The Mirror Daily's photo.
နေပြည်တော် နိုဝင်ဘာ ၃ဝ

နယ်စပ်ရေးရာဝန်ကြီးဌာန မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယက ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ ဇနီး ဒေါ်ဝင်းဝင်းမော် ဦးဆောင်သော မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်း၌ ပြသသောကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားပြီးမိခင် ၁ဝဝ အား အာဟာရဖြစ်စေမည့် အစားအစာများထောက်ပံ့ပေးခြင်းကို နိုဝင်ဘာ ၃ဝ ရက်က ပြုလုပ်ရာ မေတ္တာစမ်းရေ ဆေးခန်းမှ ဆေးရုံအုပ်ကြီး ဒေါ်စမ်းစမ်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ ထောက်ပံ့ခြင်းအခမ်း အနားတွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးဖွားပြီးမိခင်တစ်ဦးလျှင် ငွေကျပ် ၄၁၃၅ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၁၃၅ဝဝ တန်ဖိုးရှိ အာဟာရဖြစ်စေမည့် အစားအစာများနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment