Thursday, December 3, 2015

မန်စီးတီးအသင်း ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်သို့ ခုနစ်ရာသီအတွင်း (၄)ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့





ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည့် မန်စီးတီးအသင်းသည် ကက်ပီ တယ်ဝမ်းဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ဟားလ်စီးတီးအသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင် နယ်အဆင့်သို့ ဘောလုံးရာသီခုနစ်ရာသီအတွင်း (၄)ကြိမ်မြောက်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။


မန်စီးတီးအသင်းသည် ဟားလ်စီးတီးအသင်းအား လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်စီးတီး အသင်းအတွက် သွင်းဂိုးများကို ဘိုနီကတစ်ဂိုး၊ ဒီဘရူနီ က နှစ်ဂိုးနှင့် အီဟီယာနာချိုက တစ်ဂိုးသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဟားလ်စီးတီးအသင်းအတွက် ချေပဂိုး တစ်ဂိုး ကိုမူ ရောဘတ်ဆန်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။


မစ်ဒယ်ဘရော့အသင်းနှင့် အဲဗာတန်အသင်းတို့၏ ကက်ပီတယ်ဝမ်းဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အဲဗာတန် အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ စတုတ်စီးတီးအသင်းနှင့် ရှက်ဖီးလ်ဝင်နက်စ်ဒေးအသင်းတို့၏ ပွဲစဉ်တွင် စတုတ် စီးတီးအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။



ပရီမီယာလိဂ်၏ အခြားသော နာမည်ကြီးအသင်း များဖြစ်ကြသည့် ချယ်လ်ဆီးအသင်း၊ အာဆင်နယ်အသင်း နှင့် မန်ယူအသင်းတို့မှာ ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့၍ ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်သည်။


ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ် များကို နှစ်ကျော့ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နှင့် ၂၅ ရက်တို့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။


ငွေကြယ်

No comments:

Post a Comment