Wednesday, December 30, 2015

လူပေါင်း ၂၅ဝဝ ကျော်သေဆုံးပြီးနောက် အီဘိုလာကင်းစင်ကြောင်း ဂီနီကြေညာ



The Mirror Daily's photo.


ကိုနာကရီ ဒီဇင်ဘာ ၂၉

ဂီနီနိုင်ငံသည် အီဘိုလာကပ်ရောဂါမှ ကင်းစင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာလိုက်သည်။

အနောက်အာဖရိက၌ လွန်ခဲ့သည့်နှစ်အစောပိုင်းတွင် အီဘိုလာရောဂါစတင် ဖြစ်ပွားပြီး ဂီနီနိုင်ငံတွင် လူပေါင်း ၃၈ဝ၇ ဦး အီဘိုလာရောဂါကူးစက်ခံရကာ ၎င်းတို့ အနက် ၂၅၃၆ ဦးသေဆုံးခဲ့ရသည်။

ဂီနီနိုင်ငံ ကိုနာကရီမြို့တော်ရှိ ပြည်သူ့နန်းတော်တွင် အီဘိုလာကပ်ရောဂါကင်းစင် သည့် အထိမ်းအမှတ်အနေဖြင့် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နောက်ဆုံး အီဘိုလာရောဂါဝေဒနာရှင် ပြန်လည်သက်သာလာပြီး ၄၂ ရက်ကြာသောအခါ နောက်ထပ်ကူးစက်မှုမရှိလျှင် အီဘိုလာကင်းစင်ကြောင်း ကြေညာနိုင်မည်ဖြစ်သည်။

အီဘိုလာရောဂါဖြစ်ပွားမှုအများဆုံး အခြားနိုင်ငံများဖြစ်သော ဆီရာလီယွန် နိုင်ငံ၌ အီဘိုလာကင်းစင်ကြောင်း နိုဝင်ဘာလတွင် ကြေညာနိုင်ခဲ့ပြီး လိုင်ဘေးရီးယားနိုင်ငံ၌ မေလနှင့် စက်တင်ဘာလတွင် အီဘိုလာကင်းစင်ကြောင်း ကြေညာပြီးနောက် ရောဂါကူးစက်မှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment