Wednesday, December 30, 2015

ဘိန်းဖြူနှင့် ဘိန်းစိမ်းများ သိမ်းဆည်းရမိ




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၂၉

မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်က ဗန်းမော် - ကသာ - အင်းတော် ကားလမ်း လမ်းခွကျေးရွာ လမ်း အသုံးပြုခ ကောက်ခံရေးဂိတ်တွင် ကသာမြို့ဘက်မှ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ကို ရှာဖွေရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ စိုးကျော်အား ဖမ်းဆီးရမိပြီး ထွက်ပြေးသွားသူမှာ သန်းထွန်းဖြစ် ကြောင်း၊ စိုးကျော်အား ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် နှစ်ခွက် (အလေးချိန် သုည ဒသမ ဝ၂၂ ကီလို) သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဒီဇင်ဘာ ၂၇ ရက်က ဝိုင်းမော်-ဆဒုံးသွား ကားလမ်းမ ပေါ်တွင် ဆဒုံးမြို့ဘက်မှ ဝိုင်းမော် မြို့ဘက်သို့ ဇော်ထွယ်အောင် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းစိမ်း ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(ကြေးမုံ)

No comments:

Post a Comment