Wednesday, December 30, 2015

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုးလ်မတ်ကျခံရမည့် ထောင်ဒဏ်ကာလ လျှော့ချ



The Mirror Daily's photo.


ဂျေရုဆလင် ဒီဇင်ဘာ ၂၉

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အိုးလ်မတ် ကျခံရမည့်ထောင်ဒဏ်ကာလကို ခြောက်နှစ်မှ ၁၈ လသို့ ပြင်ဆင်ပြောင်းလဲရန် တရားရုံးချုပ်က ဒီဇင်ဘာ ၂၉ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

အိုးလ်မတ်သည် ယခုအခါ အသက်(၇ဝ)ရှိပြီး ၂ဝ၁၄ ခုနှစ်တွင် လာဘ်ယူမှုဖြင့် ပြစ်မှုထင်ရှား တွေ့ရှိသည်။ အိုးလ်မတ်သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် ထောင်ဒဏ်ပြစ်ဒဏ်ကို စတင်ကျခံရမည် ဖြစ်ကြောင်း တရားရေးဆိုင်ရာတာဝန်ရှိသူများက ပြောကြားကြသည်။

အစ္စရေးနိုင်ငံ၌ အစိုးရအဖွဲ့အကြီးအကဲဟောင်း တစ်ဦးအား ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဂျေရုဆလင် မြို့တော်ဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ချိန်အတွင်း အိမ်ရာခြံမြေဆိုင်ရာ သဘောတူညီချက်များနှင့် သက်ဆိုင်နေသည့် လာဘ်ပေးလာဘ်ယူဆိုင်ရာစွဲချက်များကို အိုးလ်မတ်ရင်ဆိုင်ခဲ့ရသည်။

တရားရုံး၏ ပြစ်ဒဏ်စီရင်ချက်ပေါ်ထွက်ခဲ့ပြီးနောက် နိုင်ငံရေးလောကသို့ ၎င်းပြန်လည်ရောက်ရှိ လာနိုင်သည်ဆိုသော ထင်ကြေးပေးပြောဆိုမှုများ လည်းအဆုံးသတ်ခဲ့သည်။

အိုးလ်မတ်သည်၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ် အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမှားလုပ်ခဲ့ခြင်းမရှိဟု ၎င်းက ငြင်းဆိုခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment