Tuesday, December 29, 2015

ကုက္ကိုင်းခုံးကျော်တံတားစီမံကိန်း ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်


ရန်ကုန်မြို့တွင် တည်ဆောက်ဆဲ ခုံးကျော်တံတား များအနက် ကုက္ကိုင်း မီးပွိုင့်လမ်းဆုံ ခုံးကျော်တံတား စီမံ ကိန်းကို ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် နေကြောင်း သိရသည်။
ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်း မီးပွိုင့်လမ်းဆုံတွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် ကုက္ကိုင်းခုံးကျော်တံတား စီမံကိန်း ရာခိုင်နှုန်းအတော်များများ ပြီးစီးနေပြီဖြစ်ပြီး ယခု ဘဏ္ဍာ နှစ်အတွင်း ပြီးစီးနိုင်ရန် အကောင်အထည်ဖော်သွားမည် ဟု သိရသည်။
ဒဒ ကုက္ကိုင်းခုံးကျော်တံတားနဲ့ ရှစ်မိုင်ခုံးကျော် တံတားတို့က သတ်မှတ်ချက်အတိုင်း ပြီးနိုင်ပြီး လာမယ့် ဖေဖော်ဝါရီ၊ မတ်လလောက်မှာ ဖွင့်နိုင်မှာပါ။ ကုက္ကိုင်း ခုံးကျော်တံတားကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ဖွင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ တာမွေ ဓ့ဓပုံသဏ္ဌာန် ခုံးကျော်တံတားကတော့ ‘ ဒီတံတားတွေထက် နောက်ကျဖို့ ရှိတယ်။ တစ်နှစ်ခွဲအတွင်း အပြီးဆောင်ရွက်ဖို့ လျာထားပါ တယ်။ ဆောက်လုပ်ခဲ့တဲ့ ခုံးကျော်တံတားတွေနဲ့ အခု ဆောက်လုပ်ဆဲ ခုံးကျော်တံတားတွေမှာ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားက ဆောက်လုပ်မှုကုန်ကျစရိတ် အများဆုံးပဲ ဖြစ်ပါတယ်ဒဒ ဟု ရန်ကုန်မြို့ရှိ ခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ကားလမ်းကူး ခုံးကျော် တံတားများ၊ မြစ်ကူးချောင်းကူးတံတားများကို တည်ဆောက် လျက်ရှိရာ ကားလမ်းကူးခုံးကျော်တံတားများဖြစ်သော ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတား၊ ကုက္ကိုင်းလမ်းဆုံး ခုံးကျော် တံတား၊
တာမွေငါးခွဆုံ ခုံးကျော်တံတားများကို တည်ဆောက်လျက်ရှိပြီး တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တွင် အဆိုပါနေရာများနှင့် ဆက်စပ် နေသော လမ်းမကြီးများပေါ်၌သာမက လမ်းမကြီးများနှင့် ဆက်သွယ်ထား သည့် လမ်းသွယ်များနှင့် ရပ်ကွက် အတွင်းရှိလမ်းများတွင်ပါ ယာဉ်ကြော ပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်နေ ခြင်းဖြစ်သည်ဟု သိရသည်။
ဒဒရန်ကုန်မြို့မှာ ထူးထူးဆန်းဆန်း ကားလမ်းရှင်းတာဆိုလို့ ရွေးကောက်ပွဲ ကာလ သုံးရက်လောက်ပဲရှိတယ်။ ကျန်တဲ့ရက်တွေမှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ပါမကျန် ကားလမ်း ပိတ်ဆို့တာတွေဟာ သွားရလာရခက် ပြီး လုပ်စားချင်စိတ်တောင် မရှိဘူး။ လမ်းမကြီးတွေမှာ တံတားတွေ ပြိုင် ဆောက်နေတော့ အဲဒါတွေကို ရှောင် မောင်းတဲ့ လမ်းသွယ်တွေနဲ့ ရပ်ကွက် လမ်းတွေပါမကျန် ကားတွေ ပိတ်ကုန် တော့တာ။ တံတားတွေသာ ဆောက် နေတာ အရင်ဆောက်ခဲ့တဲ့ ခုံးကျော် တံတားတွေနေရာမှာလည်း ကားပိတ် တာက အရင်ထက်တောင် ဆိုးသေး တယ်။ မီးပွိုင့်စနစ်နဲ့ စနစ်တကျ ယာဉ်ကြောရှင်းတဲ့စနစ်မရှိဘဲ တံတား ဘယ်လောက်ဆောက်ဆောက် ကား မရှင်းဘူးဗျ။ ဟိုတစ်ကွက် ဒီတစ် ကွက်တံတားဆောက်တာက အဲဒီ တံတားပေါ်ကနေ တောက်လျှောက် ပွိုင့်မရှိဘဲ မောင်းလာတဲ့ကားတွေဟာ မီးပွိုင့်တစ်ခုရောက်ရင် စုပြုံပိတ်တော့ တာပဲ။ အချက်ပြစနစ်မလိုက်နာဘဲနဲ့ လူရဲ့ အချက်ပြစနစ်နဲ့ တစ်ပွိုင့်တစ်ပွိုင့် ကိုအကြာကြီးလွှတ်တော့ မီးပွိုင့်မှာ ကားတွေစုပြုံပိတ်၊ စုပြုံထွက် ပုံစံဖြစ် နေတော့တာပေါ့။ အခု နောက်ပိုင်းက ရပ်ကွက်လမ်းတွေမှာ ပိတ်တာက ပိုဆိုးတယ်ဒဒဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ စီးတီးတက္ကစီယာဉ်မောင်း ကိုအောင်ကြီးက ပြောသည်။
၂ဝ၁၆ ခုနှစ်ဆန်းပိုင်းတွင် ဖွင့်လှစ် ရန် လျာထားသည့် လေးလမ်းသွား တံတားအကျယ်ရှိ ကုက္ကိုင်းခုံးကျော် တံတားသည် ဂျပန်နည်းပညာဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ကုန်ကျ ငွေကျပ် ၁၃ ဒသမ ၉၇ ဘီလီယံခန့် ဖြစ်ကာ ယာဉ်ခံနိုင်ဝန် ၇၅ တန် ဖြစ်သည်ဟု သိရသည်။ ရန်ကုန်မြို့ တွင် တည်ဆောက်နေသော ခုံးကျော်တံတားများ ပြီးစီးသွား ပါကယာဉ်ကြောပိတ်ဆို့မှု အထိုက် အလျောက် ဖြေရှင်းနိုင်မည်ဟု သိရ ပြီး ရန်ကုန်မြို့ခံအများစုမှာမူ တစ် လမ်းထိုး ခုံးကျော်တံတားများသည် အခြားဆက်စပ်နေရာများတွင် ယာဉ် ကြောပိတ်ဆို့မှုများကို ဆက်လက်ဖြစ် ပေါ်စေသည်ဟု ယူဆလျက်ရှိသည်။
ရန်ကုန်မြို့တွင် လှည်းတန်းခုံးကျော် တံတား၊ ဘုရင့်နောင်ခုံးကျော်တံတား၊ ရွှေဂုံတိုင်ခုံးကျော်တံတား၊ မြေနီကုန်း ခုံးကျော်တံတားတို့ကို အစိုးရသစ် လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ဆက်လက်၍ ကုက္ကိုင်းခုံးကျော် တံတား၊ ရှစ်မိုင်ခုံးကျော်တံတား၊ တာမွေအဝိုင်းထိပ် ခုံးကျော်တံတား တို့ကို တည်ဆောက်လျက်ရှိသည်။
(ဝဝ၁)


No comments:

Post a Comment