Tuesday, December 29, 2015

သိုလှောင်ရေများ ထိရောက်စွာအသုံးပြုရေးနှင့် ရေဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲရေးသည် လွန်စွာအရေးကြီး


စစ်ကိုင်း ဒီဇင်ဘာ ၂၈
ရေလှောင်တမံ၊ ရေလွှဲဆည်များမှ သိုလှောင်ရေ များကို စိုက်ကွင်းအရောက် ထိရောက်စွာအသုံးပြုရေးနှင့် ရေဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲရေးသည် လွန်စွာအရေးကြီးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
''ရေသွင်းမြောင်း၊ ရေပေးမြောင်းတွေ မြောင်းအဆင့်အလိုက် စနစ်တကျဖွဲ့စည်းတည်ဆောက်ရမှာဖြစ်သလို ရေပေးမြောင်းတွေရဲ့ ဒီဇိုင်းပုံစံကျ ကောင်းမွန်ရမှာဖြစ်ပါတယ်။ ရေပေး၊ ရေသွင်းမြောင်းတွေကို လုံလုံလောက်လောက် တည်ဆောက်အသုံးပြုရမယ်။ ရေပေးဝေတာကို ကောင်းကောင်းထိန်းညှိပေးနိုင်ဖို့ ရေထိန်းအဆောက် အအုံတွေကို စနစ်တကျ တည်ဆောက်အသုံးပြုဖို့လိုပါ တယ်''ဟု ၄င်းက ဆက်ပြောသည်။
စိုက်ကွင်းများအရောက် အချိန်နှင့်အလိုက် လိုအပ် သောရေကိုသာ ထိန်းညှိပေးဝေရမည်ဖြစ်ပြီး ပိုလျှံရေများ ကို စနစ်တကျနုတ်ပေးနိုင်ရန် ရေနုတ်မြောင်းများနှင့် အဆောက်အအုံများကို တည်ဆောက်အသုံးပြုရမည်ဖြစ် ကြောင်း သိရသည်။
ရေသုံးစွဲမှုအခြေအနေကို အများဆုံး အကျိုး သက်ရောက်မှုရှိအောင်၊ သီးနှံပင်များ၏ ရေလိုအပ်မှုပြည့်မီအောင် တိကျစွာ ရေပေးသွင်းရန်လိုအပ်သလို ဒေသတွင်း သဘာဝမိုးရေကို ပိုမိုအကျိုးရှိအောင် စီမံအသုံးပြုတတ် ရန်မှာလည်း အရေးကြီးသည်။
ရေပေးဝေမှု၊ ရေပေးသွင်းမှုနှင့် စိုက်ကွင်းများ၌ ရေ သုံးစွဲမှုတို့မှ ရေဆုံးရှုံးနေမှုများကို ထိန်းချုပ်လျှော့ချရန် လိုအပ်သလို ပိုမိုကောင်းမွန်သော ရေပေးဝေနည်းများ ပြောင်းလဲအသုံးပြုတတ်ရန် လိုအပ်သည်။ စိုက်ကွင်းများ ရေနစ်မြုပ်မှုမရှိစေရန် စိုက်ကွင်းများမှ ပိုလျှံရေများနှင့် နုတ်ရေများကို ပြန်လည်အသုံးပြုတတ်ရန်နှင့် စိုက်ကွင်း များသို့ ရေလိုအပ်ချက်နှင့်အချိန်ကိုက် ရေပေးသွင်းရန် လိုကြောင်း၊ ရေသွင်းစိုက်ပျိုးသူ တောင်သူလယ်သမားများ နှင့် ရေအသုံးပြုသူအဖွဲ့များ၏ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လည်း အရေးပါကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment