Monday, December 28, 2015

ဒီဇင်ဘာပွဲကျပ်ကာလ ပရီမီယာလိဂ်ရာသီဝက် ပွဲစဉ် (၁၉) ရဲ့အကြိတ်အနယ်ရှိမည့် ပွဲကြီးပွဲကောင်းများ

 

မောင်ချစ်ကြည်

ယခုနှစ် ပရီမီယာလိဂ်ရာသီဝက်ပြီးဆုံးသည့် ပွဲစဉ်လည်းဖြစ်၊ ၂ဝ၁၅ ခုနှစ်ကို နှုတ်ဆက်မယ့် ပွဲစဉ်လည်းဖြစ်သည့် ပရီမီယာလိဂ်ပွဲစဉ် (၁၉)ကိုတော့ ဒီဇင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒီတစ်ပတ် ကြားရက်မှာ ကစားကြမယ့် ပွဲတွေအနက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်မယ့် မန်ယူနဲ့ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ဘုန်းမောက်၊ လက်စတာနဲ့ မန်စီးတီးတို့ ပွဲစဉ်တွေကတော့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ဆွဲကိုင်လှုပ်ရမ်း နိုင်ဦးမှာဖြစ်ပါတယ်။မန်ယူနှင့် ချယ်လ်ဆီး
အစဉ်အလာအရ ပြိုင်ဘက် ကောင်းတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲပါပဲ။ နည်းပြထိုင်ခုံလှုပ်နေတဲ့ မန်ယူရဲ့ ဗန်ဟားလ်၊ နည်းပြသစ် အဖြစ်စတင်ကိုင်တွယ်မယ့် ချယ်လ်ဆီး ရဲ့ ဟစ်ဒင့်တို့ရဲ့ ဗျူဟာအခင်း အကျင်းက ပြိုင်ပွဲအပေါ် ဘယ် လောက်အထိ အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာ မြင်တွေ့ရပါတော့မယ်။ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားမှ ရတော့မယ့် မန်ယူအတွက် တိုက် စစ်ဖွင့်ကစားပါလိမ့်မယ်။ ချယ်လ်ဆီး နဲ့ဆုံတိုင်း အကြိတ်အနယ် ရုန်းကန်ခဲ့ ရတဲ့ မန်ယူအတွက် အိမ်ကွင်းဆိုပေ မယ့် ပွဲကျပ်ပါပဲ။ နိုင်ပွဲတွေ လိုအပ်မှု ပြင်းထန်နေတဲ့ ချယ်လ်ဆီးအတွက်က လည်း ရလဒ်ကောင်းကို ဆောင်ကြဉ်း နိုင်ဖို့ ခြေကုန်ဖွင့်မှာ သေချာနေပါတယ်။ အကြိုက်က ချယ်လ်ဆီးဖြစ်ပြီး အနိုင်လည်း ချယ်လ်ဆီးဖြစ်ဖို့များပါ တယ်။

လက်စတာနှင့် မန်စီးတီး
ဒီနှစ် ပရီမီယာလိဂ်မှာ ခြေစွမ်း ကောင်းတွေပြသနေတဲ့ လက်စတာ ဟာ အခုတလော အသင်းကြီးတွေကို အနိုင်ယူနေတဲ့ စွမ်းရည်ရရှိနေ ပါတယ်။ မန်စီးတီးတို့ကတော့လော လောဆယ်ခြေယိုင်နေတာမို့ ဒီပွဲမှာ သိက္ခာဆယ်နိုင်မလား ကြည့်ရမှာဖြစ် ပါတယ်။ လက်စတာနဲ့ မန်စီးတီး တို့ နောက်ဆုံးခြောက်ပွဲတွေ့ဆုံခဲ့မှု မှတ်တမ်းကို ကြည့်ရင်တော့ လက်စတာတို့ တစ်ပွဲမှနိုင်ပွဲမရခဲ့ပါဘူး။ ဒါပေမယ့် လက်စတာတို့က အခု နောက်ပိုင်းပွဲတွေမှာ မန်စီးတီးကို ခြေရည်တူကစားပြီး သရေပွဲတွေရယူ ထားနိုင်တာမို့ မန်စီးတီးလည်း ပွဲတော့ မချောင်ပါဘူး။ လက်စတာ တိုက်စစ်မှူးတွေဟာ ပြိုင်ဘက်ခံ စစ်ကြောင်းကို တွန်းတွန်းတိုက်တိုက်နဲ့ ကျော်ဖြတ် ဂိုးသွင်းနိုင်တာမို့ မန်စီးတီး တို့ သတိထားရလိမ့်မယ်။ ဒီပွဲဟာ နှစ်သင်းစလုံး အားပြိုင်မှုတူညီနေ တာမို့ အမှတ်ခွဲယူရဖို့ ရှိနေပါတယ်။

အာဆင်နယ်နှင့် ဘုန်းမောက်
စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်း မှာပါ တိုးတက်မှုရှိလာတဲ့ အာဆင်နယ် ဟာ တန်းစီဇယားကို စိုးမိုးမျှော်မှန်း နေပြီဖြစ်ပါတယ်။ အသင်းကြီးတွေ ကို အနိုင်ကစားနိုင်တဲ့ ဘုန်းမောက် တို့က ဒီပွဲမှာ ဘယ်လောက်အထိ စွမ်း ဆောင်ရည်ပြသနိုင်မလဲဆိုတာ စိတ် ဝင်စားစရာပါ။ ဒါပေမယ့် အာဆင်နယ် ဟာ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူရေး အစွမ်းကုန်ကြိုးစားမှာမို့ ဘုန်းမောက် တို့အတွက်တော့ အမှတ်ဗလာနဲ့ အိမ်ပြန်ရဖို့များနေပါတယ်။

ဝက်ဖို့ဒ်နှင့် စပါး
ခံစစ်ပိုင်းကို လုံခြုံအောင် တည် ဆောက်ထားတဲ့ ဝက်ဖို့ဒ်တို့ကို စပါး တိုက်စစ်မှူးတွေ ဘယ်လိုကျော်ဖြတ် မယ်ကြည့်ရမှာပါ။ စပါးအတွက်က တော့ အခုတလောပွဲတိုင်းအမှတ်ရ အောင်ကစားနိုင်နေပြီး အသင်းလိုက် ကစားအားလည်းကောင်းနေပါတယ်။ ဝက်ဖို့ဒ်တို့ကတော့ အိမ်ကွင်းမှာ အမြင့်ဆုံး တစ်မှတ်ရဖို့ မျှော်လင့်နေ ပြီး စပါးကို သေသေချာချာပြင်ဆင် ပြီး ရင်ဆိုင်ပါလိမ့်မယ်။ ဒီပွဲမှာစပါး တို့ ခက်ခဲနိုင်ပေမယ့် ကပ်ပြီးအနိုင်ရ သွားနိုင်ပါတယ်။

အဲဗာတန်နှင့် စတုတ်
နိုင်ပွဲတွေဆက်တိုက်ပျောက်ဆုံး နေတဲ့ အဲဗာတန်ဟာ ဒီပွဲမှာ ပြန်လည် ရုန်းထွက်ဖို့ ကြိုးစားပါလိမ့်မယ်။ ခြေ စွမ်းမာကျောတဲ့ အဲဗာတန်တို့က အခု ပွဲမှာ စတုတ်ကို ဖိအားပေးကစားနိုင် ဖို့အားထုတ်လာမှာဖြစ်ပြီး အမှတ်ခွဲ ယူဖို့ ကြိုးစားမယ့် စတုတ်ရဲ့ မျှော် လင့်ချက်ကို ချေဖျက်ပါလိမ့်မယ်။

ဝက်စ်ဟမ်းနှင့် ဆောက်သမ်တန်
ခြေရည်တူနေတဲ့ နှစ်သင်းမို့ ကြည့်ကောင်းမယ့်ပွဲပါပဲ။ ဒီနှစ်သင်းရဲ့ နောက်ဆုံးခြောက်ပွဲတွေ့ဆုံမှုကို ကြည့်ရင် ဆောက်သမ်တန်က တစ်ပွဲ နိုင်ပြီး ဝက်စ်ဟမ်းက နှစ်ပွဲနိုင်ကာ သရေ သုံးပွဲဖြစ်ထားပါတယ်။ နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ဆောက်သမ်တန် ဟာ ဝက်စ်ဟမ်းကွင်းမှာ ရလဒ်ပြန် ကောင်းရေး ကြိုးစားပါလိမ့်မယ်။ အိမ် ကွင်း၊ အဝေးကွင်းခြေစွမ်း မတည်ငြိမ် တဲ့ ဝက်စ်ဟမ်းကို ဆောက်သမ်တန် တို့ အမှတ်ပြည့်ယူဖို့ဆိုတာသိပ်တော့ မလွယ်ပါဘူး။ ဝက်စ်ဟမ်းတို့ အနိမ့် ဆုံး တစ်မှတ်ရယူသွားနိုင်ပါတယ်။

No comments:

Post a Comment