Wednesday, December 2, 2015

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲမှု သတ်မှတ်ရက်မတိုင်မီ ပြီးစီးနိုင်မည်



ရန်ကုန် ဒီဇင်ဘာ ၁
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီတွင် ပါဝင်သည့် အစုအဖွဲ့ သုံးစုမှ စုစုပေါင်းကိုယ်စားလှယ် ကိုးဦးသည် နိုင်ငံရေး မူဘောင် (မူကြမ်း) အသေးစိတ်ရေးဆွဲခြင်းအား ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေးလုပ်ငန်းဗဟိုဌာန၌ ရေးဆွဲလျက်ရှိသည်။
ဒီဇင်ဘာ ၁ ရက်မှ ၅ ရက်အထိ သတ်မှတ်၍ ရေးဆွဲလျက်ရှိသည့် မူဘောင်(မူကြမ်း)တွင် နိုင်ငံတော် အစိုးရအစုအဖွဲ့မှ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးလှမောင်ရွှေနှင့် ဒေါက်တာကျော်ရင်လှိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ရဲဘော်မျိုးဝင်းနှင့် စောကျော်ညွန့်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များအစုအဖွဲ့မှ ဦးသုဝေ၊ စိုင်းကျော်ညွန့်နှင့် ဦးနိုင်ငံလင်းတို့က မူကြမ်းရေးဆွဲ သူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ရေးဆွဲရာ တွင် အစုအဖွဲ့ အသီးသီး၏ အလုပ်အဖွဲ့နှင့် အကြံပေးများပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအစုအဖွဲ့မှ စိုင်းကျော်ညွန့်က ''တိုးတက်မှုရှိပါတယ်။ အရင်ရက်တွေ ကတည်းက မူကြမ်းဆွဲနေတဲ့အခန်းအားလုံးမှာ ပါဝင်မယ့် အကြောင်းအရာတွေကို ပြောထားပြီးပြီ။ီမ်ေအနမ ဆိုတာ က မူကြမ်းရေးဆွဲရေးကော်မတီမှာ ပါဝင်တဲ့ လူဦးရေများ တဲ့အတွက် လူပြန်ရွေးပြီး စာချောရေးတဲ့သဘောပါပဲ။ ရှေ့ရက်တွေမှာလုပ်ခဲ့တဲ့ မူကြမ်းရေးဆွဲရေးကော်မတီ အနေနဲ့ သူ့အပိုင်းတစ်ခုချင်းစီကို ဆွေးနွေးပြီးသွားပြီ။ ကျွန်တော်တို့အနေနဲ့ အရင်ဆုံးမူကြမ်းတစ်ခုထွက်လာအောင် ပြင်ဆင်ဖို့ ဆောင်ရွက်တာ သက်သက်ပါပဲ'' ဟု ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကိုအစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့၊NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ အစုအဖွဲ့တစ်ခုလျှင် ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် ဖွဲ့စည်းခဲ့ သည်။ ယင်းနောက်UPDJC တွင် ပါဝင်သောအစုအဖွဲ့ သုံးစုမှ နိုင်ငံရေးမူဘောင်မူကြမ်းရေးကော်မတီကို အစုအဖွဲ့ တစ်ခုလျှင် ကိုယ်စားလှယ်ရှစ်ဦးစီဖြင့် ဖွဲ့စည်းခဲ့ သည်။ ဒီဇင်ဘာ ၁ ရက်တွင် အစုအဖွဲ့တစ်ခုလျှင် မူကြမ်းအသေးစိတ်ရေးသားမည့် ကိုယ်စားလှယ် သုံးဦးစီ ဖြင့် နိုင်ငံရေးမူဘောင်(မူကြမ်း) ရေးသားခြင်းကို စတင်ဆောင်ရွက်လျက်ရှိသည်။
ဒီဇင်ဘာ ၁ ရက်မှ စတင်၍ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (မူကြမ်း) အသေးစိတ်ရေးသားနေမှု အပေါ် နိုင်ငံရေးပါတီအစုအဖွဲ့မှ စိုင်းကျော်ညွန့်က ''ဒီဇင်ဘာ ၅ ရက်မတိုင်မီမှာ မူကြမ်းအသေးစိတ် ရေးတာပြီးနိုင်ပါတယ်။ နောင်လာမယ့် အစိုးရကော၊ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကော၊ တပ်မတော် အတွက်ပါ အားလုံးအတွက် မျှမျှတတစဉ်းစားပြီး တက်ညီလက်ညီလုပ်ဆောင်ကြရင်တော့ အောင်မြင်မယ်ထင်ပါတယ်။ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာ တကယ်ထားပြီးလုပ်မယ်ဆိုရင်တော့ အောင်မြင်သွားမယ် လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။

No comments:

Post a Comment