Tuesday, December 1, 2015

ဆောင်းရာသီမုန်တိုင်းများနှင့်ရေကြီးမှုများကြောင့် အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားတွင် အရေးပေါ်အခြေအနေကြေညာ



Myanmaalinn's photo.
ဟူစ်တန် နိုဝင်ဘာ ၃ဝ 

အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားတွင် တစ်ပတ်ကျော်ကြာ ရေခဲတမျှအေးခဲသော မုန်တိုင်း တိုက်ခတ်ကာ ရေကြီးမှုများဖြစ်ပေါ်ပြီးနောက် ယင်း ပြည်နယ်၏ စီရင်စု ၇၇ ခုတွင် နိုဝင်ဘာ ၂၉ ရက်က အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
အိုကလာဟိုးမား မြို့တော်ဝန် မယ်ရီဖယ်လင်းက အရေးပေါ်အခြေအနေသည် ယင်းမြို့အတွက် ကူညီ ပံ့ပိုးမှုတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အိမ်ပေါင်း ၁ဝဝဝဝဝ နီးပါး လျှပ်စစ်မီးမရရှိကြောင်း ပြောခဲ့သည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း တက္ကဆက်စ်ပြည်နယ်တွင် နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့က ရေကြီးမှုများကြောင့် လူရှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
ထို့အတူ အမေရိကန်ပြည်ထောင်စု ကန်ဆက်စ် ပြည်နယ်တွင်လည်း ဆီးနှင်းဖုံးလွှမ်းသောလမ်း များပေါ်၌ ဖြစ်ပွားသော မတော်တဆမှုများကြောင့် အနည်းဆုံး လူခြောက်ဦးသေဆုံးခဲ့ကာ အိမ်ခြေပေါင်း ၁ဝဝဝဝ နီးပါး လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment