Tuesday, December 1, 2015

လာလီဂါမှာ တတိယမြောက်သွင်းဂိုးအများဆုံးစံချိန်ရရှိခဲ့တဲ့ စီရိုနယ်လ်ဒို




အီဘားနှင့် ရီးယဲလ်တို့ကစားခဲ့သော လာလီဂါပွဲစဉ် တွင် စီရိုနယ်လ်ဒိုက ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးတဲ့နောက် လာလီဂါ၏ ထာဝရသွင်းဂိုးအများဆုံး တတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။စီရို နယ်လ်ဒိုအနေဖြင့် အခုပွဲ၌ အခွင့်အရေးမြောက်မြားစွာကို ဖြုန်းတီးပစ်ခဲ့သည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသော် လည်း ရီးယဲလ်နည်းပြဘင်နီတက်ဇ်ကမူ သူ၏တိုက်စစ်မှူး က တစ်ပွဲလုံးကိုအကောင်းဆုံးပုံစံဖြင့် ကစားသွားနိုင်ခဲ့ သည်ဟု ကာကွယ်ပြောကြားလိုက်သည်။


စီရိုနယ်လ်ဒိုမှာ လက်ရှိတွင် လာလီဂါသွင်းဂိုး (၂၃၄)ဂိုး အထိရှိလာပြီဖြစ်သည့်အတွက် ယခင် ရီးယဲလ် တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ်၏ စံချိန်ကိုလိုက်မီ နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ၄င်းက ဟူဂိုဆန်းချက်ဇ်ထက် (၁၃၄)ပွဲလျော့ပြီး ကစားထားတာကြောင့် သူ၏ ဂိုးသွင်း စွမ်းရည်က ရီးယဲလ်ကစားသမားများထဲတွင် ထိပ်တန်း အကျဆုံးဟု သတ်မှတ်ရတော့မည်ဖြစ်သည်။


တိုက်စစ်မှူး ဇာရာနှင့် မက်ဆီတို့နှစ်ဦးမှာ စီရို နယ်လ်ဒိုထက်သွင်းဂိုးပိုများသည့် ကစားသမားနှစ်ဦးဖြစ် သော်လည်း စီရိုနယ်လ်ဒိုက ဇာရာ၏စံချိန်အား လိုက်မီ ရန် ၁၇ ဂိုးသာ လိုအပ်တော့ရာ ယခုနှစ်ဘောလုံးရာသီမှာ တင် အမီလိုက်နိုင်တော့မည်ဟု မျှော်လင့်ရသည်။ သို့သော် မက်ဆီ၏ သွင်းဂိုးမှာ ၂၉ဝဖြစ်သည့်အတွက် စီရိုနယ်လ်ဒိုအနေဖြင့် မက်ဆီ၏ သွင်းဂိုးစံချိန်ကို လိုက်မီ ဖို့ရန် အလှမ်းဝေးနေဦးမည်ဖြစ်သည်။


မေလဲ့သင်း

No comments:

Post a Comment