Wednesday, December 30, 2015

MFF U-14 ပြိုင်ပွဲ ဆီမီးပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်





မန္တလေး ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကကြီးမှူး ကျင်းပနေ သည့် MFF U-14 100 Plus Super Cup ပြိုင်ပွဲ ဆီမီးပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ကစားကြသည်။
ဆီမီးပွဲစဉ်များတွင် မန္တလေးအကယ်ဒမီ(က)အသင်း က ဧရာဝတီအကယ်ဒမီအသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဇွဲကပင် အကယ်ဒမီ(က)အသင်းက ရတနာပုံအကယ်ဒမီအသင်းကို သုံးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စုပွဲစဉ်များ တွင် ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့သည့် မန္တလေးအကယ်ဒမီ(က)အသင်းနှင့် ဇွဲကပင်အကယ်ဒမီ(က)အသင်းတို့မှာ ယနေ့ ဆီမီးပွဲတွင်လည်း ခြေစွမ်းပြပြီးဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ယူ-၁၄ ပြိုင်ပွဲကို ပရိသတ်အားပေးမှုများပြား လျက်ရှိကြောင်းသိရသည်။

တတိယနေရာလုပွဲအဖြစ် ဧရာဝတီအကယ်ဒမီ အသင်းနှင့် ရတနာပုံအကယ်ဒမီအသင်း၊ ဗိုလ်လုပွဲအဖြစ် မန္တလေး အကယ်ဒမီ(က)အသင်းနှင့် ဇွဲကပင်အကယ်ဒမီ (က)အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။


သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်

No comments:

Post a Comment