Wednesday, December 30, 2015

မီးဘေးကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ



The Mirror Daily's photo.


ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနနှင့် ရွှေပြည်သာ မြို့နယ် သစ်အခြေခံစက်မှုဇုန်နယ်မြေ ဝါးတစ်ရာရှိ မြန်မာ့သစ် လုပ်ငန်း ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန အမှတ် (၉)သစ်စက်၏ မီးဘေးကာကွယ်ရေး အသိပညာပေးဟောပြော ခြင်းနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ အခမ်းအနားကို အမှတ်(၉) သစ်စက်ရှင်းလင်းဆောင်ခန်းမ၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၉)သစ်စက် မန်နေဂျာ (စက်ရုံမှူး) ဦးတင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးက အသိ ပညာပေးဟောပြော၍ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သူထွန်းက လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို အမှတ်(၉)သစ်စက်ရှိ အရာထမ်း/အမှုထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(ဌေးကြိုင်)

No comments:

Post a Comment