Tuesday, December 29, 2015

သမိုင်းတွင်စေမည့် အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးဥပဒေ တရုတ်ပြဌာန်း



Myanmaalinn's photo.
 ပေကျင်း ဒီဇင်ဘာ ၂၈

ပြည်တွင်း၌ အကြမ်းဖက်မှုများကိုနှိမ်နင်းရန်နှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းစေရန်အတွက် တရုတ်ထိပ်တန်း ဥပဒေပြုသူများက နိုင်ငံ၏ပထမဆုံး အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးဥပဒေကို တနင်္ဂနွေနေ့က ဆုံးဖြတ်ချက် ချခဲ့သည်။
ပြည်သူ့အမျိုးသားကွန်ဂရက်အမြဲတမ်းကော်မတီက တစ်လနှစ်ကြိမ်ကျ ကျင်းပသော စည်းဝေးပွဲတွင်အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့ကကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ အန်ဝေကျန်က တရုတ်နိုင်ငံသည် အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ် မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရကြောင်း ပြောခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို များစွာပျက်စီးဆုံးရှုံးမှုဖြစ်စေ ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေကြောင်း အရာရှိအန်က ပြောခဲ့သည်။
လာမည့်နှစ် ဇန်နဝါရီလတွင် အာဏာသက်ရောက်မည်ဖြစ်သော တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေသစ်သည် နိုင်ငံ၏အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု တွင် ဥပဒေကြောင်းအရ ကူညီပေးမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment