Tuesday, December 29, 2015

ကုလသမဂ္ဂစာချုပ်အရတိုက်ခိုက်ရေးသမားများအား ဖယ်ရှားရန် သူပုန်ထိန်းချုပ် ဆီးရီးယားမြို့သို့ ဘတ်စ်ကားများဝင်ရောက်လာ



Myanmaalinn's photo.
 ဘေရွတ် ဒီဇင်ဘာ ၂၈

ကုလသမဂ္ဂ ကြားဝင်စေ့စပ်ညှိနှိုင်းရေး စာချုပ်အရ သူပုန်ထိန်းချုပ် ဆီးရီးယားနယ်စပ်မြို့ဖြစ်သည့် ဇာဒါ ဘာဒီမြို့သို့ သူပုန်အကြမ်းဖက်သမားများအား တူရကီနိုင်ငံ သို့ပို့ဆောင်ပေးရန် လူနာတင်ယာဉ်များနှင့် ဘတ်စ်ကား များ တနင်္လာနေ့တွင် စတင်ဝင်ရောက်လာကြောင်း သူပုန် သတင်းရပ်ကွက်များက ပြောသည်။
အဆိုပါသဘောတူစာချုပ်အရ လက်ဘနွန်နယ်စပ် အနီး ယင်းမြို့ကို လအတန်ကြာတပ်စွဲထားသော သူပုန် တိုက်ခိုက်ရေးသမားများအား ဘေရွတ်လေဆိပ်သို့ ပို့ဆောင်ကာ တူရကီသို့ ဆက်လက်ပို့ပေးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိုင်းဒလစ်ပြည်နယ်အနောက်မြောက် ပိုင်း သူပုန်ထိန်းချုပ်ရာ ရှီးယိုက်မြို့နှစ်မြို့မှ မိသားစုဝင် ၃ဝဝ ခန့်သည် တူရကီနယ်စပ်သို့ ထွက်ခွာလျက်ရှိသည်။
ယင်းမှတစ်ဆင့် ဘေရွတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရန် ပြင်ဆင်လျက်ရှိကြသည်။ ကယ်ဆယ်ရေး အလုပ်သမားများနှင့် သူပုန်တိုက်ခိုက်ရေးသမားများက ဇာဒါဘာဒီမြို့ ရင်ပြင်သို့ ဝင်ရောက်လာသော လူနာတင် ယာဉ်များပေါ်သို့ ဘီးတပ်ကုလားထိုင်များအတွင်း လိုက်ပါ လာသော လူငယ်များအား သယ်ယူကူညီပေးလျက်ရှိ ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ရိုက်တာသို့ ပြော သည်။
အဆိုပါမြို့မှာ ဆီးရီးယားအစိုးရတပ်နှင့် လက်ဘနွန် ရှီးယိုက်အုပ်စု ဟစ်ဇ်ဘိုလာမှ မဟာမိတ်များက ဇူလိုင်လ မှစတင်၍ အကြမ်းဖက်သမားမျးအား အဓိက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ အကြီးအကျယ် ပျက်စီးလျက်ရှိသည်။
ကုလသမဂ္ဂနှင့် ပြည်ပအစိုးရများက ငါးနှစ်နီးပါးကြာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရန် အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းလျက်ရှိသည်။ အစိုးရကို ထောက်ခံသော အီရန်နှင့် သူပုန်ကိုထောက်ခံသော တူရကီတို့က ဇာဒါ ဘာဒီ၌ ဒေသအပစ်အခတ်ရပ်စဲရေး ကူညီပေးကာ စက်တင်ဘာလအတွင်း ဇာဒါဘာဒီရှိ ကျေးရွာနှစ်ရွာကို လည်း ပထမအဆင့်အဖြစ် အပစ်အခတ်ရပ်စဲခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment