Tuesday, December 29, 2015

ရတနာနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးရှိစေရန်အတွက် နည်းလမ်း(၁)လုံးခင်း၊ဖားကန့်ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း (သို့မဟုတ်)နည်းလမ်း (၂)ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း (သို့မဟုတ်)နည်းလမ်း (၃)ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃၊ပုဒ်မခွဲ (ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင်ရွက်ခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်သွားရန်စီစဉ်ထားရှိ



Myanmaalinn's photo.

Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၂၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၂ဝ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အစီအစဉ် ၁၃ ခု ဖြင့် ကျင်းပရာ (အပေါ်ပုံ) ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင် ပြိုမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာခဏဆုံးရှုံး မှု ဖြစ်ပေါ်နေခြင်း၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသော စွမ်းအားကြီးမားသည့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းနှင့် သဘာဝသယံဇာတများထုတ်လုပ် နေခြင်းတို့အပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အမြန်ဆုံး ရှင်းလင်း ဖြေကြားပေးရန်ကိစ္စနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ကျောက်ဖြူအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင်ရေးကိစ္စတို့အား ရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်းလေးခုကို ဖတ်ကြားဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက် ကြသည်။
အစည်းအဝေး၌ နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက် ဖြင့် ပြန်လည်ပေးပို့လာသည့် ကုန်း လမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း များ ဥပဒေကြမ်း၊ ရထားပို့ဆောင် ရေးလုပ်ငန်းဥပဒေကြမ်းနှင့် အနု ညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီ ရင်ခံစာများကို ပူးပေါင်းကော်မတီ အတွင်းရေးမှူး စစ်ကိုင်းတိုင်းဒေသ ကြီး ချောင်းဦး မဲဆန္ဒနယ်မှ ဦးစောလှထွန်းက ပြည်ထောင်စု လွှတ်တော်သို့ဖတ်ကြားတင်ပြသည်။
ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ တင်ပြချက်များအပေါ် ပြည် ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ထို့နောက် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် ရာဇဝတ်ကျင့် ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာ မြတ်ဉာဏစိုးက ပြည် ထောင်စုလွှတ်တော်သို့ ဖတ်ကြား တင်ပြသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက် အပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြို မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မကြာ ခဏ ဆုံးရှုံးမှုဖြစ်ပေါ်နေခြင်း၊ ဖားကန့် ဒေသသို့ ရောက်ရှိနေသော စွမ်းအား ကြီးမားသည့် မြေသယ်ယာဉ်ကြီး များ ရောက်ရှိနေခြင်းနှင့် သဘာဝ သယံဇာတများ ထုတ်လုပ်နေခြင်း တို့အပေါ် ပြည်သူများ၏ စိုးရိမ် ပူပန်မှုများကို အမြန်ဆုံး ရှင်းလင်း ဖြေကြားပေးရန်ကိစ္စနှင့် စပ်လျဉ်း၍ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၃ဝ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေတွင် လက်ရှိ အသုံးပြုနေသည့် စက်ယန္တရား အရေအတွက်မှာ ဘက်ဟိုး ၁၈၇၂ စီး၊ မြေသယ်ယာဉ် ၃၃၂၇ စီး ဖြစ်ပါ ကြောင်း၊ ရတနာနယ်မြေ အသီးသီး တွင် လုပ်ကိုင်ခွင့်ရ လုပ်ကွက်အကျယ် အဝန်း(ဧက)အလိုက် အသုံးပြုသင့် သော စက်ယန္တရားအရေအတွက်နှင့် စက်ယန္တရားများ၏ ဝန်ဆောင်နိုင် စွမ်းအားကို သတ်မှတ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်း စီစဉ်ဆောင်ရွက်နေပါကြောင်း။
ထို့ပြင် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် ဥရုချောင်းနှင့် ချောင်းလက်တက် များအတွင်းတွင် လည်းကောင်း၊ ချောင်းနှင့် ပေ ၃ဝဝ အတွင်းတွင် လည်းကောင်း၊ လူနေအိမ်များနှင့် နီးကပ်သဖြင့် ဘေးအန္တရာယ်ရှိသည့် နေရာများအတွင်းတွင် လည်းကောင်း ကျရောက်လျက်ရှိသည့် လုပ်ကွက် များကို ပယ်ဖျက်ခဲ့ပါကြောင်း၊ ပယ် ဖျက်ခဲ့သည့် လုပ်ကွက်အရေအတွက် မှာ အကျိုးတူလုပ်ကွက် ၂၆ ကွက်၊ ဧရိယာ ၁၂၃၆ ဒသမ ၅ဝ ဧက၊ ပုဂ္ဂလိကလုပ်ကွက် ၃၁၇ ကွက်၊ ဧရိ ယာ ၃၁၇ ဧကရှိပါကြောင်း၊ ပယ် ဖျက်ခဲ့သည့် လုပ်ကွက်များကို မြေပြန် လည်ဖို့စေပြီး ဒေသနှင့် ကိုက်ညီသော သစ်ပင်များကို ပြန်လည်စိုက်ပျိုး စေလျက်ရှိပါကြောင်း။
ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်ရှိ အောက်ခံ ကျောက်သားများသည် ယေဘုယျ အားဖြင့် အရှေ့ဘက်သို့ ငိုက်စောင်း လျက်ရှိရာ အရှေ့ဘက်အရပ်သို့ ဆင်ခြေလျောရှိသော လျှိုများသည် သဘာဝတရားကြောင့် မြေပြိုကျရန် အလားအလာ ပိုမိုရှိသည်ကို တွေ့ရှိရ ပါကြောင်း။
ထို့ကြောင့် ၂ဝ၁၄ ခုနှစ် စက်တင် ဘာ ၁ ရက်တွင် ကျောက်စိမ်း တူး ဖော်မှုလုပ်ငန်းများ ပြန်လည်ခွင့်ပြုခဲ့ သည့် အချိန်မှစတင်၍ ကုမ္ပဏီများ ၏ တရားဝင်လုပ်ကိုင်ခွင့်ရ ကျောက် စိမ်းလုပ်ကွက်များ အတွင်းတွင် လည်းကောင်း၊ စွန့်ပစ်မြေစာပုံများ အနီးတွင် လည်းကောင်း တရားမဝင် ကျောက်စိမ်းရိုင်းရှာဖွေသူ (ရေ မဆေး)များ၏ ကျူးကျော်တဲများ နှင့် ပျံကျဈေးဆိုင်များသည် ဘေး အန္တရာယ် ဖြစ်ပွားနိုင်သဖြင့် တားဆီး ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် သတ္တုတွင်းဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)အနေဖြင့် သက်ဆိုင်ရာ ဌာနများသို့ တင်ပြခဲ့ပါကြောင်း။
မြေစာများ စွန့်ပစ်စုပုံခြင်း လုပ် ငန်းအပါအဝင် ကျောက်စိမ်းတူး ဖော်ရေးလုပ်ငန်းတွင် ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေးအတွက် တူးဖော် ရာတွင် လှေကားထစ်ပုံသဏ္ဌာန် တူး ဖော်စေခြင်း၊ အန္တရာယ်ရှိသည့် ကမ်းပါးယံများအနီး အဆောက်အအုံ များ ဆောက်လုပ်နေထိုင်မှု မရှိစေ ခြင်း၊ လုပ်ငန်းခွင်ဝင်/ထွက်ရာ လမ်း ကြောင်းများ မြေသားတည်ငြိမ် ကျစ် လျစ်မှုရှိရန် ပြုလုပ်စေခြင်း၊ မိုးသည်း ထန်စွာရွာသွန်းချိန်များတွင် မြေပြို လေ့ရှိတတ်သဖြင့် တူးဖော်မှုလုပ် ငန်းများနှင့် မြေစာစွန့်ပစ်မှုလုပ်ငန်း များ ရပ်နားထားစေခြင်းနှင့် ပြိုကျ နိုင်သည့် နေရာများ၊ ဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့် နေရာများတွင်း ကန့်သတ်ဧရိယာ၊ မသွားရဧရိယာ ဆိုင်းဘုတ်များ စိုက်ထူခြင်းစသည့် အချက်များကို လိုက်နာဆောင်ရွက် သွားရန် ကြပ်မတ်သွားမည်ဖြစ်ပါ ကြောင်း။
လုံးခင်း၊ ဖားကန့်ရတနာ နယ် မြေတွင် ကျောက်စိမ်းတူးဖော်ထုတ် လုပ်ရေးလုပ်ငန်းများကို မြန်မာ့ ကျောက်မျက်ရတနာဥပဒေ၊ နည်း ဥပဒေများနှင့်အညီ စနစ်တကျ စီမံ ခန့်ခွဲနိုင်ရေးအတွက်လည်းကောင်း၊ ရေမဆေးရှာဖွေသူများကို ထိရောက် သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်၍ ဖယ်ရှားရှင်းလင်းနိုင်ရေး အတွက်လည်းကောင်း၊ ရတနာနယ် မြေအတွင်း တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးရှိစေရန်အတွက် အုပ် ချုပ်မှုအာဏာ သက်ရောက်မှုရှိရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်မှုအာဏာ သက်ရောက်ကောင်းမွန်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည် နယ် အစိုးရအဖွဲ့တို့သည် တပ်မတော်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့အနေ ဖြင့် နည်းလမ်း(၁) လုံးခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကို လုံးဝ ပိတ်သိမ်းခြင်း (သို့မဟုတ်) နည်း လမ်း (၂) ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်း ခြင်း (သို့မဟုတ်) နည်းလမ်း(၃) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ အုပ်ချုပ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် စစ် အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဆောင် ရွက်ခြင်းဆိုသည့် နည်းလမ်း(၃)သွယ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ် ထားပါကြောင်း ရှင်းလင်းတင်ပြ သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် ၁ဝ ဦးက ဒေသအတွင်း ငြိမ်း ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ ရေးနှင့် ရေမဆေးကျောက်ရှာဖွေသူ များ၏ အလုပ်အကိုင်အခွင့်အလမ်း များ စသည်တို့ကို အကြံပြုပါဝင် ဆွေးနွေးကြပြီး ပြည်ထောင်စု လွှတ်တော်နာယကက မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ထံမှ ပေးပို့သည့် ကျောက်ဖြူအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်နိုင် ရေးကိစ္စနှင့်စပ်လျဉ်း၍ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူအထူး စီးပွားရေးဇုန်ကို စိတ်ကူးစီမံချက် ရေးဆွဲခြင်း၊ အကြံပေးကုမ္ပဏီအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း၊ ရင်းနှီး တည်ထောင်သူများအား အိတ်ဖွင့် တင်ဒါ ခေါ်ယူခြင်းနှင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းစသည့် အဆင့် (၄) ဆင့်ဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျ အကောင်အထည် ဖော်လုပ်ဆောင်လျက်ရှိပါကြောင်း။
အကောင်အထည်ဖော် လုပ် ဆောင်သည့် လေးနှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အနေဖြင့် ပထမအဆင့်ဖြစ်သည့်
စိတ်ကူးစီမံချက် ရေးဆွဲခြင်းနှင့် ဒုတိယအဆင့်ဖြစ်သည့် အကြံပေး ကုမ္ပဏီကို အိတ်ဖွင့်တင်ဒါခေါ်ယူ ခြင်းတို့ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပြီးဖြစ်၍ တတိယအဆင့်ဖြစ်သည့် ရင်းနှီးတည် ဆောက်သူများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အိတ်ဖွင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည့် တင်ဒါ ရလဒ်အားကြေညာရမည့် နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါ ကြောင်း။
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်၏ စိတ်ကူးအစီအစဉ်ကို ရေးဆွဲ ရာတွင် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာနယ်ပယ် အလိုက် အတွေ့အကြုံရှိ ကျွမ်းကျင် သူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ ကျွမ်းကျင် သူများ၊ ဒေသခံပြည်သူလူထုများ ၏ ဆွေးနွေးအကြံပြုချက်များအရ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ် သည့် အထူးစီးပွားရေးဇုန်ဖြစ်ရန်၊ အရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်ထွန်းစေသော အထူးစီးပွားရေးဇုန်ဖြစ်ရန်နှင့် နိုင်ငံ သားများ၏ အလုပ်အကိုင် အခွင့် အလမ်းနှင့် လူမှုစီးပွားရေးအခွင့် အလမ်းများကို ဖန်တီးပေးသည့် အထူးစီးပွားရေးဇုန်ဖြစ်ရန် စသည့်မူ များကို အခြေခံလမ်းညွှန်မူဝါဒ များအဖြစ် သတ်မှတ်၍ နောင် အကောင်အထည် ဖော်လာမည့် လုပ်ငန်းတိုင်းကို လမ်းညွှန်ပဲ့ထိန်း လုပ်ဆောင်ခဲ့ပါကြောင်း။
ထို့ပြင် စီမံကိန်းကြောင့် ထိခိုက် ခံစားရသူများအတွက် ပိုမိုကောင်း မွန်သော လူနေမှုအဆင့်အတန်း (သင့်တင့်မျှတသော လျော်ကြေးငွေ ပေးခြင်း၊ မူလဝင်ငွေထက် မနည်း သော အလုပ်အကိုင်များ အသက် မွေးဝမ်းကျောင်းမှုများ ဖန်တီးပေး ခြင်း၊ မူလအနေအထားထက် တိုး တက်ကောင်းမွန်သော လူနေမှုအဆင့် အတန်းများ)ကို ပိုင်ဆိုင်နိုင်ရန် အစီ အမံများပါရှိသည့် ကမ္ဘာ့ဘဏ်၏ Involuntary Resettlement Sourcebook ပါ လမ်းညွှန်ချက် စံချိန်စံညွှန်းများနှင့်အညီ ပြန်လည် နေရာချထားခြင်းဆိုင်ရာ အစီအစဉ် များရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
၎င်းပြင် ဒေသခံများအတွက် ကျွမ်းကျင်မှုမြှင့်တင်သည့် သင်တန်း များ ညှိနှိုင်းဖွင့်လှစ်ပေးခြင်းတို့ကို စီစဉ်အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာအကဲ ဖြတ်ချက်၊ လူမှုဘဝ အကျိုးသက် ရောက်မှု အကဲဖြတ်ချက်နှင့် ကျန်းမာ ရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အပြည့်အစုံကိုရင်းနှီး တည်ဆောက်သူများမှ စီမံကိန်းများ အဆိုပြုသည့်အခါ တင်ပြကြရမည် ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ ၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေး အဆိုပြုဆောင် ရွက်ချက်သည် ယခင်အစိုးရများ ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ဆင့်ကမ်းတာဝန်ဖြစ် သကဲ့သို့ လာမည့်အစိုးရအဆက် ဆက်အတွက်လည်း လမ်းခင်းပေး ခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် အကောင်အထည် ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းများတည်ထောင်နိုင် ရေးအတွက် လိုအပ်သည့်မြေ ၄၂၈၉ ဒသမ ၃၂ ဧကနေရာသည် ၂ဝ၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအခန်း(၆)ပုဒ်မ ၁၂ ပါ အထူး စီးပွားရေးဇုန် တည်ထောင်ရန် လိုအပ်သည့် အခြေခံအချက်(၈)ချက် စလုံးပြည့်စုံသဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် နယ်နိမိတ်ဧရိယာ အဖြစ် သတ်မှတ်အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် အထူးစီးပွား ရေးဇုန်အဖြစ် သတ်မှတ်ကြေညာ သည့် အမိန့်ကြေညာစာထုတ်ပြန် နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးနိုင်ပါ ရန် တင်ပြပါကြောင်း ရှင်းလင်း တင်ပြသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်လေးဦးတို့က ပါဝင်ဆွေးနွေး ကြပြီး ပြည်ထောင်စုလွှတ်တော် နာယကက ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေး နွေးသွားမည်ဖြစ်ကြောင်း ကြေညာ သည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ဒီဇင်ဘာ၂၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထား ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment