Monday, December 28, 2015

စတုတ္ထကြိမ်မြောက် မန္တလေးတောင် ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကျင်းပ

 

တင်မောင်(မန်းကိုယ်ပွား)၊ မင်းထက်အောင်(မန်းကိုယ်ပွား)

မန္တလေး ဒီဇင်ဘာ ၂၇

အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် မှ ကြီးမှူး၍ Mandalay Free rider စက်ဘီးစီးအဖွဲ့မှဦးဆောင်ကျင်းပသည့်စတုတ္ထအကြိမ်မြောက် Mandalay Hill Bike Challenge (2015) ဖိတ်ခေါ်စက်ဘီးစီး ပြိုင်ပွဲကို ဒီဇင်ဘာ၂၇ ရက် နံနက် ၆ နာရီခွဲက မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၂ လမ်းထောင့် စုရပ်မှ စတင်တာလွှတ်၍ မန္တလေးတောင်ပေါ်သို့ စီးနင်းယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး လှုမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊MFRစက်ဘီးအဖွဲ့နှင့် ပြိုင်ပွဲဖြစ်မြောက်ရေး ကူညီထောက်ပံ့သည့် အော်တိုမိုဘိုင်း မှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ လူမှုရေးဝန်ကြီးက အချက်ပြတာလွှတ် သေနတ်ပစ်ဖောက်၍ တာလွှတ်လိုက်သည်နှင့် တစ်ပြိုင် နက် ပြိုင်ပွဲဝင်စက်ဘီးသမားများသည် စုရပ်နေရာမှ ၃၅ လမ်း၊ ၆၂ လမ်းမှ
ကျုံးအနောက်ဘက်အတိုင်း ပတ် ၍ ရွှေမန်းတောင်ဂေါက်ကွင်းမှ မန္တလေးတောင်အဆင်းလမ်းအတိုင်း တောင်ပေါ်သို့ ယှဉ်ပြိုင်စီးနင်းကာ မန္တလေးတောင် ဓာတ်လှေကား အနီးရှိနေရာတွင် ပန်းဝင်ခဲ့ကြ သည်။
မန္တလေးပြည်သူများ အားကစား လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် စက်ဘီးစီးခြင်း၏ အကျိုးရလဒ်များကို သိရှိစေရန်နှင့် ယာဉ်အစီးရေတိုးတက်များပြားလာ သော မန္တလေးမြို့တော်တွင် စက်ဘီး စီးသူများပြားလာခြင်းဖြင့်ယာဉ်လမ်း ကျပ်တည်းမှုများနှင့်လေထုညစ်ညမ်း မှုများကြောင့် ကျန်းမာရေးထိခိုက် နိုင်မှုများ လျော့ပါးသက်သာစေ ရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲကို ၂၅ နှစ်အောက်၊ ၃၅ နှစ်အောက်၊ ၄၅နှစ်အောက်နှင့် ၆ဝ နှင့်အထက် အလွတ်တန်းဟူ၍ ပြိုင်ပွဲအမျိုးအစား အလိုက်ကျင်းပပေးခြင်းဖြစ်ပြီးပြိုင်ပွဲ သို့ MFR စက်ဘီးအဖွဲ့ဝင်များနှင့် မြို့ခံစက်ဘီး အားကစားသမားများ သာမက နိုင်ငံတကာမှဧည့်သည် များပါ စိတ်အားထက်သန်စွာ ပါဝင် ဆင်နွှဲခဲ့ကြရာ စုစုပေါင်းစက်ဘီး အစီးရေ ၃၂၇ စီးဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း မန္တလေး Free rider အဖွဲ့မှ မန်နေဂျာ ကိုအောင်ဝင်းထွန်း ကပြောသည်။
''နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံအရ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို ပြိုင်ပွဲတွေ ကျင်းပပေးချင်တဲ့ဆန္ဒ တွေနဲ့ဒီ MFR အသင်းကို ဖွဲ့စည်း ပြီး ၂ဝ၁၂ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့တာပါ။ ကျင်းပခဲ့စဉ်က ပြိုင်ပွဲဝင်ဦးရေ ၁ဝဝ မကျော်ပေမယ့် တစ်နှစ်ထက်တစ်နှစ် များပြားလာ ပြီး ဒီနှစ်မှာတော့ ၃ဝ၆ ဦးကျော်တဲ့အထိ တိုးတက်လာတာကို ဝမ်းမြောက်စွာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲမှာ ထူးခြား ချက်တွေအနေနဲ့ကတော့ မန္တလေး ကို လာရောက်လည်ပတ်ကြတဲ့ ကနေဒါ၊ အိုင်ယာလန်နဲ့အင်္ဂလန်နိုင်ငံ တွေက ဧည့်သည်တွေပါ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့အပြင် အငယ် ဆုံးအသက် ကိုးနှစ်ကနေ အကြီးဆုံး အသက် ၇၈ နှစ်ရှိတဲ့ သူတွေပါ အားတက်သရော ဝင်ပြိုင်ကြတာကို တွေ့ရပါတယ်''ဟု ¤င်းက ပြောကြား သည်။
ထို့ပြင် အသက် ၆ဝ နှင့် အထက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ကနေဒါနိုင်ငံသားတစ်ဦးက လည်း ''ပြိုင်ပွဲကျင်းပဖို့ကြေညာထား တဲ့ပိုစတာကို ဖတ်မိပြီး ဝင်ပြိုင်တာပါ။မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာပြီး မန္တလေးမြို့မှာ ဒီပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရလို့ အလွန်လည်းပျော်ပြီး အမှတ်တရ လည်း ဖြစ်သွားပါတယ်။ နောက်နှစ် တွေလည်းဒီပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့ လာခဲ့ပါဦးမယ်''ဟု ¤င်းကပြောကြား ခဲ့သည်။

ထို့နောက် နံနက် ၉ နာရီတွင်Down Hill ပြိုင်ပွဲကို နိုင်ငံတကာ အဆင့်မီကျင်းပနိုင်ရန် စီစဉ်ဖောက် လုပ်ထားသည့် မီတာ ၁၅ဝဝ အရှည် ရှိ အားကစားကွင်းတွင် ကျင်းပခဲ့ သည်။
ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ခြင်း ကို နံနက် ၁၁ နာရီတွင် ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် အစော ဆုံးပန်းဝင်သူ ၁ဝ ဦးကို ရွေးချယ်၍ ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆုကျပ် တစ်သိန်း၊ စတုတ္ထဆု ကျပ်ခုနစ် သောင်း၊ ပဉ္စမဆုကျပ်ငါးသောင်း အသီးသီးချီးမြှင့်၍ ကျန်ရှိသည့် ပြိုင်ပွဲဝင် ငါးဦးအား နှစ်သိမ့်ဆုအဖြစ် ကျပ်ငွေသုံးသောင်းဆီချီးမြှင့်ခဲ့ပြီး အသက် ၆ဝ နှစ်အထက် ပြိုင်ပွဲဝင် ၁၇ ဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင် ၁၃ ဦးတို့အား အမှတ်တရဂုဏ်ပြု လက်ဆောင်များကို တိုင်းဒေသကြီး လှုမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် နှင့် အားကစားဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ ချုပ်နှင့် MFR တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲဝင်အားလုံးအား ကျပ် ၂၁ သိန်း တန် BMW စက်ဘီးအပါအဝင် ပစ္စည်းအမျိုးပေါင်း၂ဝဝ ကျော်ဖြင့် ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိ ရသည်။

No comments:

Post a Comment