Wednesday, December 2, 2015

အငှားယာဉ်ပေါ်တွင် နိုင်ငံခြားသားများမေ့ကျန်ခဲ့သော ပစ္စည်းများကို ရန်ကုန်လေဆိပ်တွင် အချိန်မီပေးအပ်



ရန်ကုန် ဒီဇင်ဘာ ၁
နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီက အငှားယာဉ်ပေါ်တွင် နိုင်ငံခြားသား ခရီးသည် အမျိုးသားသုံးဦး မေ့ကျန်ခဲ့သော ခရီးဆောင်အိတ်သုံးလုံးကို ပိုင်ရှင်ထံပေးအပ်နိုင်ရန် အဆင့်ဆင့်ဆက်သွယ်ပြီး ပြည်ပသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် အချိန်မီပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
''သူတို့နေရာက လမ်းမတော်မြို့နယ် ပြည်လမ်းမပေါ်ရှိ Tawwin Garden Hotelကနေငှားတာ။ ဟိုတယ်ဝန်ထမ်းတွေက သူတို့ဘာသာကားနောက်တံခါးဖွင့်ပြီး ပစ္စည်းတွေ တင်ပေးလိုက်တာ။ ကျွန်တော်က အဲဒီဘက်ကို သတိမထားမိလိုက်ဘူး။ သူတို့ငှားတဲ့ ၉ မိုင် ပြည်လမ်းမပေါ်က Ocean ရှေ့မှာ ချပေးတယ်။ သူတို့ဆင်းသွားတော့ ကျွန်တော့်ကို လက်ပြနှုတ်ဆက်ပြီး အေးအေး ဆေးဆေးပဲလမ်းလျှောက်သွားကြတယ်။ သူတို့ကလည်း သူတို့ပစ္စည်းတွေကို မေ့နေတယ်။ ကျွန်တော်လည်း သတိမရဘူး။ အဲဒီလိုနဲ့ ကျွန်တော်လည်း ကားဆက်ဆွဲနေတယ်။ နှစ်ဦး၊ သုံးဦးလောက် ခရီးသည်ပို့ပြီးတဲ့အချိန်မှာ စုံတွဲတစ်တွဲက သူတို့စက်ဘီးပျက်နေလို့ ကျွန်တော့်ကားကိုငှားတယ်။ စက်ဘီးကို နောက်ခန်းမှာတင်ဖို့ တံခါးဖွင့်တော့မှ နိုင်ငံခြားသားတွေ ပစ္စည်းမေ့ကျန်ခဲ့ မှန်းသိရတယ်။ သိသိချင်းပဲ သူတို့ပစ္စည်းတွေကို ဖွင့်ဖောက်ကိုင်တွယ်ကြည့် ခြင်းမပြုဘဲ နီးစပ်ရာ ရပ်ကွက်လူကြီးတွေကို အသိပေးပြီး ''ရွှေဟင်္သာ''ခရီးသည်ပို့ဆောင်ရေးနှင့် လူမှုကူညီရေးအသင်းမှ အငှားယာဉ်ဖြစ်တဲ့အတွက် အသင်းမှ တာဝန်ရှိသူတွေကို လာရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားပြီး အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်ဖို့ တော်ဝင်ဟိုတယ်နှင့် ဆက်သွယ်ကာ အဆင့်ဆင့်စုံစမ်းပြီး ည ၁၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ အချိန်မီသွားရောက်ပေးအပ်နိုင်ခဲ့ပါတယ်''ဟု အငှားယာဉ်မောင်း ဦးရန်ရှင်းက ပြောပြသည်။
(၆၈၂)

No comments:

Post a Comment