Wednesday, December 2, 2015

သာစည်မြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖက်ပွင့်ကောက်၍ ရောင်းချခြင်းဖြင့် စားဝတ်နေရေးအဆင်ပြေ


သာစည် ဒီဇင်ဘာ ၁
ကျေးလက် ဒေသများတွင် တောတောင်များထဲ၌ အလေ့ကျ ပေါက်ရောက်နေကြသည့် ဖက်ပင်မှြေ<ွကကျသည့် ဖက်ပွင့်များကိုကောက် ယူပြီး သာစည်ဈေးတွင် လာရောက် ရောင်းချနေကြသည့် ကျေးလက် တောရွာများမှ အမျိုးသမီးငယ်လေး များ ဖက်ပွင့်ရောင်းရငွေဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေနေကြ ကြောင်း သိရသည်။
''ကျွန်မတို့က နေ့ခင်းပိုင်းဆိုရင် အိမ်မှာအနားယူချိန်မရှိပါဘူး။ ရွာရဲ့ ဝန်းကျင်မှာရှိတဲ့ တောတောင်ထဲကို သွားပြီး ဖက်ပင်ကိုရှာဖွေပါတယ်။ တွေ့ရင် အပင်အောက်မှာကြွေကျနေ တဲ့ ဖက်ပွင့်တွေကို ကောက်ရပါတယ်။ ပြီးတော့ ပါလာတဲ့တောင်းထဲကို ထည့်ပြီး နေညိုချိန်ကျမှ အိမ်ပြန်ရပါ တယ်။ အိမ်ရောက်တော့ ရလာတဲ့ ဖက်ပွင့်တွေကို နှီးနဲ့ ငါးပွင့်ကိုတစ်ကုံး ကုံးရပါတယ်။ မနက်ကျတော့ မြို့ပေါ် ဈေးသွားပြီး အကုံးငါးကုံးတစ်တွဲကို ငွေကျပ် ၂၅ဝ နဲ့ ရောင်းရပါတယ်။ တစ်နေ့ ဖက်ပွင့်ရောင်းရငွေက ခြောက်ထောင်ကျပ်အထိ ရပါတယ်။ ဒီနှစ်မှာ မိုးခေါင်တော့ ဖက်ပွင့်တွေ က ထင်သလောက်မပွင့်ကြပါဘူး''ဟု ကြက်မောက်ကျေးရွာမှ သာစည်ဈေး တွင် ဖက်ပွင့်ရောင်းချသူ မလှလှသင်း က ပြောသည်။
သာစည်ဈေးတွင် ရောင်းချနေကြ သည့် ဖက်ပွင့်များသည် ချမ်းသာကြီး၊ ကြက်မောက်၊ ဇီးတော၊ သာစည်လေး၊ သမန်းကန်ကျေးရွာနှင့် ဆည်ကြီး ကျေးရွာတို့မှဖြစ်ကြောင်း သိရပြီး ဖက်ပင်သည် အပင်ကြီးမျိုးဖြစ် ကြောင်း၊ နှစ်စဉ် တန်ဆောင်မုန်းလ ရောက်တိုင်း စတင်ပွင့်၍ တပို့တွဲလ အထိပွင့်ကြကြောင်း သိရသည်။
ဖက်ပွင့်နှင့်ပတ်သက်၍ ဖက်ပွင့်ကို ကြိုက်နှစ်သက်ပြီး သုံးစွဲသူ သာစည်မြို့ အမှတ်(၇)ရပ်ကွက်မှ ဦးမျိုးသက် အောင်က ''ကျွန်တော်တို့ ဖက်ပွင့်ကို ကြိုက်တယ်။ ဖက်ပွင့်က ဆေးဖက်ဝင် တယ်လို့ သိရပါတယ်။ အပွင့်ကို အခြောက်လှန်းပြီး ငါးခြောက် သို့မဟုတ် အမဲခြောက်နဲ့ ချက်စားလို့ လည်းရတယ်။ ခရမ်းချဉ်သီးချက် ချက်ပြီးတော့လည်း ဖက်ပွင့်ကို မြှုပ် စားလို့ရတယ်။ ဖက်ပွင့်က ခါးသက်တဲ့ အရသာရှိတယ်။ လေကိုနိုင်တယ်။ အိပ်မပျော်သူတွေ ဖက်ပွင့်ကို သုပ်စားရင် အိပ်ပျော်စေ တယ်။ သွေးအားကိုလည်း တိုးစေပါ တယ်။ ကျွန်တော်တို့ ဖက်ပွင့်ကို သူ့ ရာသီရောက်တိုင်း ဝယ်ယူပြီး အမြဲ စားသုံးပါတယ်''ဟု ဆိုသည်။
မောင်ကို (သာစည်)

No comments:

Post a Comment