Wednesday, December 2, 2015

၂ဝ၁၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့(ဗဟိုအဆင့်)အခမ်းအနား ကျင်းပ




နေပြည်တော် ဒီဇင်ဘာ ၁
''ခွဲခြားနှိမ့်ချကင်းစင်ဝေး ကူးစက်သေဆုံးမရှိရေး အေအာတီဖြင့် ကုသပေး''ဟူသော ဆောင်ပုဒ်ဖြင့် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ၂ဝ၁၅ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(ဗဟိုအဆင့်) အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်း အောင်က အမှာစကားပြောကြားရာ တွင် ယခုကာလသည် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်း များပူးပေါင်းပြီး ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ)ကို အသစ်ရေးဆွဲနေ သောအချိန်ဖြစ်ပြီး ယင်းမဟာဗျူဟာ စီမံကိန်းအသစ်၌ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း များနှင့်လည်း ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း စဉ်များ၏ တိုးတက်အောင်မြင်မှုများအား အသိပေးပြောကြားလိုပါ ကြောင်း၊ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စု များတွင်ကူးစက်မှုနှုန်း သိသာစွာ ကျဆင်းလာခြင်း၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် နှီးနွှယ်သောရောဂါ များကြောင့် သေဆုံးမှုများကျဆင်း လာခြင်း၊ ရောဂါအသစ်ကူးစက်ခံရမှု များ လျော့နည်းကျဆင်းလာခြင်း၊ မူးယစ်ဆေးအစားထိုး မက်သာ ဒုန်းဆေး တိုက်ကျွေးရေးလုပ်ငန်း အပါအဝင် ခုခံအားကျဆင်းမှုကူး စက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဦးတည်အုပ်စုများအကြား ပိုမိုရောက်ရှိအောင် ဆောင်ရွက်လာ နိုင်ခြင်းတို့သည် သိသာထင်ရှားသော သာဓကများပင် ဖြစ်ပါကြောင်း၊ နောင်လာမည့်မျိုးဆက်သစ်များတွင် အိပ်ခ်ျအိုင်ဗွီပိုး ကင်းဝေးစေရန် အတွက် အခြေခံကျပြီးအရေးပါသော မိခင်မှကလေးသို့ အိပ်ခ်ျအိုင်ဗွီရောဂါ ပိုးကူးစက်မှုမှ ကာကွယ်ရေးလုပ်ငန်း များကိုလည်း ယခုနှစ်များအတွင်း ပိုမိုတိုးချဲ့ ဆောင်ရွက်လာနိုင်ပြီး ၂ဝ၁၅ ခုနှစ်တွင်မြို့နယ် ၂၈ဝ နှင့် ဆေးရုံပေါင်း ၃၈ ရုံတို့တွင် တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
၂ဝ၁၅ ခုနှစ် စက်တင်ဘာလကုန် အထိ ရရှိသည့်စာရင်းများအရ ခုခံ ကျ/ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပြည်တွင်းနှင့် အပြည် ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း များပူးပေါင်း၍ အိပ်ခ်ျအိုင်ဗွီ/အေအိုင် ဒီအက်စ်လူနာ စုစုပေါင်း ၁ဝ၁ဝဝဝ ကျော်ကို အေအာတီဆေးဝါးနှင့် အခမဲ့ကုသပေးနိုင်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် နှင့် နှိုင်းယှဉ်ပါက သုံးဆကျော်အထိ တိုးမြှင့်ကုသပေးနိုင်ခဲ့သည်ကို တွေ့ရှိ ရပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူ များအားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြခြင်းဖြင့် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အဓိကရည်မှန်းချက်များဖြစ်သော အိပ်ခ်ျအိုင်ဗွီပိုးအသစ်ကူးစက်မှု မရှိ စေရေး၊ ရောဂါပိုးရှိသူများ၊ ဝေဒနာ ရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သောဆေးကုသမှု၊ ပြုစုကုသ စောင့်ရှောက်မှုများလက်လှမ်းမီရရှိကာ သေဆုံးမှုများလျော့ကျရေးစသည့် ရည်မှန်းချက်များပြည့်မီပြီး အိပ်ခ်ျ အိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက် လာနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကThe United Nation Resident and Humanitarian Coordinator in Myanmar ၏ ကိုယ်စားUNAIDS Country Director Mr.Eamonn Murphy က လည်း ကောင်း၊ ကုလသမဂ္ဂ အေအိုင်ဒီ အက်စ်အစီအစဉ်၏ သဝဏ်လွှာကိုUNAIDS အဖွဲ့၏ Investment and Efficiency Adviser, Ms.Krittayawan Tina Boonto က လည်းကောင်း ဖတ်ကြားသည်။
ဆက်လက်ပြီး ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ ဆုရကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်ကမ္ဘာ့ခုခံ အားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment