Wednesday, December 2, 2015

အမေရိကန်ဒေါ်လာ ၇၅ဝဝဝဝ ဆုချီးမြှင့်မည့် မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ




ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာဂေါက်သီးအားကစားလောကတွင် အဆင့်မြင့် ဆုံးပြိုင်ပွဲဖြစ်သည့် Leopalace 21 Myanmar Open ဂေါက်သီးရိုက်ပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ်တွင် ပြန်လည်ကျင်းပ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်၊ မြန်မာပီဂျီအေ၊ Asian Tour နှင့်Japan Golf Tour တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ် တွင် ပြုလုပ်သည်။
အခမ်းအနားတွင်Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန် Japan Golf Tour ဒုတိယဥက္ကဋ္ဌMr.Masayoshi Takaba? Leopalace 21 ဥက္ကဋ္ဌ Mr. Eisei Miyama? ၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် မြန်မာပီဂျီအေ အတွင်းရေးမှူး ဦးချမ်းဟန်တို့က အမှာ စကားပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မီဒီယာများက ပြိုင်ပွဲနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းကြသည်။Leopalace 21 Myanmar Open ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ Royal Mingalar Golf & Country Club ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ပြည်တွင်း နာမည်ကြီးပရော်ဖက်ရှင်နယ် ဂေါက်သီးကစားသမား များဖြစ်သော ဇော်ဇော်လတ်၊ သိန်းဇော်မြင့်နှင့် ဘိုဘို စသည့် ကစားသမားများ ယှဉ်ပြိုင်မည်ဖြစ်ပြီး Asian Tour ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနေသည့် နာမည်ကြီးကစားသမားများ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖူးသည့် ဘွန်ချူး ရန်ကစ်၊ သောင်ချိုင်းဂျိုင်ဒီ၊ ဟီရတ်ဆု၊ ဂျိမ်းစ်ကင်စတန်၊ အန်တိုနီကင်း စသည့် ကစားသမားများကို ဖိတ်ကြား ထားပြီး ပထမဆုအဖြစ် ဆုကြေး အမေရိကန်ဒေါ်လာ ၁၃၅ဝဝဝ အပါအဝင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၅ဝဝဝဝ ချီးမြှင့်မည်ဖြစ်သည်။
'Leopalace 21 Myanmar Open ဂေါက်သီးရိုက် ပြိုင်ပွဲကို ပြန်လည်ကျင်းပတာဟာ အားလုံးအတွက် အလားအလာကောင်းတွေရှိပါတယ်။ နိုင်ငံတကာက ဂေါက်သီးကစားသမားကောင်းတွေ လာရောက်ယှဉ်ပြိုင် မှာဖြစ်တဲ့အတွက် မြန်မာကစားသမားတွေ အတွေ့အကြုံ ကောင်းများ အများကြီးရရှိမှာပါ''ဟု Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်က ပြောကြားသည်။ မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ''ဒီလိုပြိုင်ပွဲမျိုး ကျင်းပ နိုင်တာဟာ မြန်မာကစားသမားတွေ ကြိုးစားချင်စိတ် ရှိအောင် တွန်းအားပေးနေသလိုပါပဲ။ ဒီပြိုင်ပွဲကြီး ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးကူညီပေးတဲ့သူတွေ၊ွှ Title Sponsor Leopalace 21? Asian Tour နဲ့ Japan Golf Tour တို့ကို ကျေးဇူးတင်ပါတယ်''ဟု ပြောကြားသည်။
မြန်မာပီဂျီအေ အတွင်းရေးမှူး ဦးချမ်းဟန်က ''ဒီပြိုင်ပွဲကို နိုင်ငံတကာနဲ့ မြန်မာကစားသမား ၁ဝဝ ကျော် ယှဉ်ပြိုင်မှာပါ။ ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၅ဝဝဝဝ ချီးမြှင့်မှာဖြစ်ပြီး အဆင့် (၁)ကနေ (၆၅)အထိ ဆုချီးမြှင့်မှာပါ''ဟု ပြောကြားခဲ့သည်။ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို (၁၃) ကြိမ်မြောက် ကျင်းပခြင်း လည်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment