Wednesday, December 2, 2015

အမျိုးသားလွှတ်တော်အစည်းအဝေး



အခြေခံပညာရေးဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့အဆိုတင်သွင်းရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းကြေညာ
နေပြည်တော် ဒီဇင်ဘာ ၁
ပထမအကြိမ် အမျိုးသား လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ အခြေခံ ပညာရေးဥပဒေကြမ်းနှင့် နည်းဥပဒေနှစ်ခုတို့ကို ဆွေးနွေးအတည်ပြုကြ သည်။
အစည်းအဝေး၌ အခြေခံပညာရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီအတွင်းရေး မှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး က အခြေခံပညာရေး၏ ရည်မှန်း ချက်များ ပိုမိုပြည့်စုံမှုရှိစေရန်အတွက် မူလဥပဒေကြမ်း အပိုဒ်(၃) အပိုဒ်ခွဲ (ဆ)၏အောက်တွင် အပိုဒ်ခွဲ (ဇ) အဖြစ် အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ အခြေခံရရှိစေရန် ဟု အသစ်ဖြည့်စွက်ပြီး မူလအပိုဒ်ခွဲ (ဇ)ကို အပိုဒ်ခွဲ(ဈ)အဖြစ်ပြောင်းလဲ၍ အဆင့်မြင့်ပညာရေးအတွက် အခြေခံ ကောင်းများ ရရှိစေရန်ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်သင့်ပါ ကြောင်း၊ ထို့ပြင် ဥပဒေကြမ်းတစ်ရပ် လုံးတွင် စကားရပ်များပြောင်းလဲခြင်း၊ မြန်မာစာရေးထုံးနှင့် ဥပဒေရေးထုံး ဆိုင်ရာ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပြောင်းလဲသွားသောအမှတ်စဉ်များကို လည်း တစ်ပါတည်းပြင်ဆင်ခဲ့ပြီးဖြစ် ပါကြောင်း၊ ထို့ကြောင့် မူလတင်ပြထား သည့် ပြင်ဆင်ချက်များနှင့်အတူ အမျိုးသားလွှတ်တော်က အတည်ပြု ဆောင်ရွက်နိုင်ပါကြောင်း ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏ အဆုံး အဖြတ်ကိုရယူသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက အခြေခံပညာရေး ဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါ ရန် လွှတ်တော်သို့ အဆိုတင်သွင်းရာ အမျိုးသားလွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ လာသည့် မြန်မာ့ပုလဲလုပ်ငန်းနည်း ဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း ကြေညာသည်။
ပထမအကြိမ် အမျိုးသား လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး နဝမနေ့ကို ဒီဇင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment