Tuesday, December 29, 2015

အလုံဈေးသစ်ကြီးတွင် ဈေးသည်များ စိတ်ချမ်းမြေ့စွာဈေးရောင်းချလျက်ရှိ ပြုပြင်ရန်ကျန်ရှိသည့်ဈေးရုံများအား ၂ဝ၁၆-၂ဝ၁၇ တွင် ဆက်လက်တည်ဆောက်သွားမည်




အလုံ ဒီဇင်ဘာ ၂၈


ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ အလုံဈေး (နှစ်ထပ်ဈေးသစ်ကြီး)အပေါ်ထပ်တွင် ယနေ့ နံနက်ပိုင်း က သစ်တောလမ်းနှင့် ဈေးလမ်းမှ ပျံကျဈေးသည်များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဈေးရောင်းချလျက်ရှိပြီး အဆိုပါ ဈေးရှိ ပြုပြင်ရန်ကျန်ရှိသည့် ဈေးရုံများအား ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နှစ်ထပ်ဈေးအဖြစ် ဦးစားပေးဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဈေးများဌာန ဒုတိယ ဌာနမှူး ဦးသောင်းတင်ထံမှ သိရသည်။


လမ်းသွားလမ်းလာများ၊ ယာဉ်မောင်းသူများက လမ်းရှင်း သွားသည့်အတွက် စိတ်ချမ်းသာမှုရှိကြောင်းနှင့် နေအိမ်မှ လမ်းပေါ်ထွက်ရောင်းချလျက်ရှိသော အိမ်ဆိုင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုံဈေးတာဝန်ခံ ဦးကျော်လှထံမှ သိရသည်။



ဈေးရောင်းချနေမှုအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဈေးများဌာနမှ ဒုတိယဌာနမှူး ဦးသောင်းတင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဈေးများဌာန ခရိုင်မှူး ဦးမောင်မောင်ဌေးနှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။


တင်မောင်ဦး(အလုံ)

No comments:

Post a Comment