Tuesday, December 29, 2015

ဗိုလ်တထောင်မြို့နယ်တွင် ဂက်(စ်)အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွား




ရန်ကုန် ဒီဇင်ဘာ ၂၈


ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄)ရပ်ကွက် ကုန်သည်လမ်းနှင့် ဗိုလ်တထောင်လမ်းသွယ်(၄)ထောင့် ရှိ စားဖွယ်စုံအအေးနှင့် မုန့်မျိုးစုံဆိုင် တွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၆ မိနစ်ခန့်က ဂက်(စ်)အိုး ယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ သည်။


''မီးလောင်တဲ့ အသံကြားလို့ ပြေးသွားတဲ့အချိန်မှာ အော်သံကြား လို့ အသင့်ရှိနေတဲ့ မီးသတ်ဆေးဘူးနဲ့ ထပ်ခိုးပေါ်တက်ပြီး အရင်ငြှိမ်းခဲ့ တယ်။


ဂက်(စ်)မီးဆိုတော့ တစ်နေရာ နဲ့တစ်နေရာကျော်ပြီး လောင်နေ တယ်။ တစ်ဖက်ဆိုင်ခန်းအတွင်းမှာ လောင်နေတာကိုတော့ လူမရှိလို့ တံခါးဖျက်ပြီး ဝင်ရောက်ငြှိမ်းသတ်ခဲ့ ရတယ်။ လောင်ချိန်ခဏလေး ဆိုပေမယ့် ဂက်(စ်)မီးဆိုတော့ တစ်ဖက်ဆိုင်ခန်းနှစ်ခန်းလောက်ထိ ရုတ်တရက် မီးကူးစက်လောင်ကျွမ်း ခဲ့လို့ ခြေထောက်မှာမီးလောင်ဒဏ်ရာ ရတဲ့သူတွေတောင် ရှိပါတယ်''ဟု အဆိုပါဆိုင်အနီးမှ ဝင်ရောက်၍ ကနဦးမီးငြှိမ်းသတ်သူ ဦးရွှေလုံးက ပြောသည်။


ဖြစ်စဉ်မှာ အဆိုပါဆိုင်၏ မီးဖိုချောင်အတွင်းရှိ ကိုးပိဿာဆံ့ ဂက်(စ်)အိုးမှ ဂက်(စ်)ယိုစိမ့်၍ မီးသွေးမီးဖိုရှိ မီးပွားနှင့်ထိတွေ့ရာမှ မီး စတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်အတူ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၂ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ကွပ်ကဲမှုယာဉ်နှစ်စီး တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁ဝ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားကြောင်းသိရ သည်။


''ပတ်ဝန်းကျင်က အသင့်ရှိနေတဲ့မီးသတ်ဆေးဘူးတွေနဲ့ငြှိမ်းသတ်ထား ကြတယ်။ ပထမဆုံးရောက်တဲ့ မီးသတ်ကားကလည်း HNE မီးသတ် ဆေးဘူးနဲ့ ငြှိမ်းသတ်ထားလို့အခြား မီးသတ်ယာဉ်တွေ မငြှိမ်းလိုက်ရပါ ဘူး။ ဒဏ်ရာရရှိမှုအနေနဲ့ဆိုင်မှာရှိတဲ့ ဝန်ထမ်းနှစ်ဦးအပြင် ဘေးဆိုင်ခန်းက သုံးဦးရဲ့ခြေသလုံးတွေမှာ ဂက်(စ်)မီးကြောင့် အနည်းငယ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်။ ဓာတ်ငွေ့ ယိုစိမ့်မှုရဲ့ သဘာဝအရ ဂက်(စ်)ပြန့်သွားတဲ့နေရာတွေမှာ ရှိတဲ့ သူတွေကို ထိခိုက်မိသွားတာပါ။ သူတို့တွေကို ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ဒုတိယတိုင်းမီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းဝင်းက ပြောသည်။


ထိုမီးလောင်မှုကြောင့် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့၏ ခြေထောက်တို့ကို မီးဟပ်ခံရ၍ ဒဏ်ရာ(မစိုးရိမ်ရ) အသီးသီးရရှိခဲ့ သဖြင့် ဆိုင်ရှင် ဦးတင်ကိုကို (၃၁)နှစ်အား ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၂ဝ၉/၂ဝ၁၅၊ ပုဒ်မ-၂၈၅/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။



ဇော်ကြီး(ပဏီတ)

No comments:

Post a Comment