Tuesday, December 29, 2015

လိင်ကျေးကျွန်ပြုခံအမျိုးသမီးများအရေး ဂျပန်နှင့် တောင်ကိုရီးယားအစိုးရတို့ သဘောတူညီမှုရရှိ


ဆိုးလ် ဒီဇင်ဘာ ၂၈
ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်လျက်ရှိသော ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် တပ်ဖွဲ့က တောင်ကိုရီးယားအမျိုးသမီးများအား လိင် ကျေးကျွန်ပြုမှုကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအစိုးရအနေ ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ယခုအကြိမ်တွင် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရ သည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်က တစ်နာရီကြာ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးများက မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်ပွဲအတွင်း ဂျပန်တပ်ဖွဲ့က တောင်ကိုရီးယားအမျိုးသမီးများအား လိင်ကျေးကျွန် ပြုခဲ့ခြင်းကြောင့် အမျိုးသမီးများ၏ ဂုဏ်သိက္ခာဆိုးရွား စွာ ထိခိုက်ခဲ့ရကြောင်းနှင့် ယင်းလုပ်ရပ်အတွက် ဂျပန် အစိုးရအနေဖြင့် လွန်စွာဝမ်းနည်းကြေကွဲရပြီး တာဝန် ယူမှုအပြည့်အဝပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုင်ရှီဒါက ဆိုသည်။
ယင်းသို့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှုရှိခဲ့သည့် လုပ်ရပ်ဆိုးအတွက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အလွန်အမင်းဝမ်းနည်းလျက်ရှိပါ ကြောင်း ဝန်ကြီး ခိုင်ရှီဒါက ဆက်လက်ပြောသည်။
လိင်ကျေးကျွန်အဖြစ်အသုံးပြုခဲ့သော တောင် ကိုရီးယားအမျိုးသမီးများအား ကူညီထောက်ပံ့ပေးခြင်း အပြင် ၄င်းတို့၏ ဂုဏ်သိက္ခာပြန်လည်မြင့်တက်လာစေ ရန် ရည်ရွယ်သည့် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ရန် အတွက် ဂျပန်အစိုးရက တောင်ကိုရီးယားအစိုးရအား အမေရိကန်ဒေါ်လာ ရှစ်သန်းကျော် မတည်ပေးမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်အတွက် ဂျပန်အစိုးရ၏ ကြိုးပမ်းမှု များနှင့် အခိုင်အမာပြောကြားချက်များကို တောင်ကိုရီးယား အစိုးရက တန်ဖိုးထားပါကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ကဆိုသည်။
ဆိုးလ်မြို့ရှိ ဂျပန်သံရုံးရှေ့တွင် ထားရှိသော လိင် ကျွန်ပြုခြင်းခံရသည့် အမျိုးသမီးများကို ဖော်ညွှန်းနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်တုကို ဖယ်ရှားပေးရန် ဂျပန် အစိုးရ၏ တောင်းဆိုမှုကိုလည်း အလေးထားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ၄င်းကပြောသည်။
နှစ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာအစည်းအဝေး ပွဲများတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ပြစ်တင်ဝေဖန်ခြင်းများ မပြုလုပ်မိစေရန် ထိန်း သိမ်းမည်ဖြစ်ကြောင်း ယွန်ကဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment