Tuesday, December 29, 2015

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားကျွန်းပေါ်သို့ ဖိလစ်ပိုင် ဆန္ဒပြသူများသွားရောက်မှု တရုတ်ကန့်ကွက်





ပေကျင်း ဒီဇင်ဘာ ၂၈


တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေအငြင်းပွား နယ်မြေရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ဖိလစ်ပိုင် ဆန္ဒပြသူလူတစ်စု သွားရောက်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံက ဒေါသတကြီးဝေဖန်ပြောကြား လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။


ဆန္ဒပြသူ ၅ဝ ခန့်သည် ဒီဇင်ဘာ ၂၆ ရက်က စပရက်တလီကျွန်းစုရှိ သီတူအမည်ရှိ ကျွန်းတစ်ကျွန်းပေါ် သို့ တက်ရောက်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန်အတွင်းသို့ တရုတ်နိုင်ငံက ကျူးကျော်သည် ဟု ဆန္ဒပြသူများက ပြောကြားကြကြောင်း ယင်းကျွန်း၏ မြို့တော်ဝန် ယူဂျင်နီယိုအိုနွန်က ပြောကြားသည်။ ယင်း ကျွန်းပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နှင့် ဖိလစ်ပိုင်တို့ အငြင်းပွားလျက်ရှိပြီး ဖိလစ်ပိုင်က ထိန်းချုပ်ထားသော ကျွန်းတစ်ကျွန်းဖြစ်သည်။



ဖိလစ်ပိုင် ဆန္ဒပြသူများ၏ လုပ်ရပ်နှင့်ပတ်သက်၍ အလွန်အမင်း စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူကန်းက ပြောကြား သည်။ တရုတ်နိုင်ငံသည် စပရက်တလီကျွန်းစုအပေါ် အချုပ်အခြာအာဏာပိုင်စိုးသည်ဟု ၄င်းကပြောကြားသည်။


မျိုးချစ်စိတ်ကို ဖော်ကျူးသော ခရီးစဉ်အဖြစ် ဖိလစ်ပိုင်ဆန္ဒပြသူများက ပြောကြားကြသည်။


ရိုက်တာ။

No comments:

Post a Comment