Tuesday, December 29, 2015

(၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲကျင်းပ



ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် မြန်မာနိုင်ငံ ဥာဏ်ရည်မမီသူများအားကစားအဖွဲ့က နှစ်စဉ် ဦးစီးကျင်းပခဲ့သော (၁၂)ကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန် စွမ်း ဥာဏ်ရည်မမီသူများ အားကစား ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေးစခန်းသုဝဏ္ဏ ဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၆ ရက် မှ ၂၇ ရက်အထိ ကျင်းပခဲ့သည်။
''ကျွန်တော်တို့ အခုကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီ သူများအားကစားပြိုင်ပွဲဟာ ဒီအကြိမ် နဲ့ဆိုရင် (၁၂)ကြိမ်မြောက် ရှိပါပြီ။ ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က တော့ ဥာဏ်ရည်မသန်စွမ်းသူများ အတွက် ဥာဏ်ရည်ဖွံ့ဖြိုးလာအောင်၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းလာ အောင်နဲ့ သူတို့တစ်တွေ စိတ်ဓာတ် မြင့်မားလာအောင် ကျင်းပတာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ဥာဏ်ရည်မမီသူများ အားကစားအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ဥာဏ်ရည်မမီသူများအားကစားပြိုင်ပွဲကို ၂ဝဝ၄ ခုနှစ်မှ နှစ်စဉ်ကျင်းပခဲ့ကာ ပြိုင်ပွဲဝင်ဆောင်ပုဒ်နှင့်အညီ အမြဲ တမ်းလေ့ကျင့်နေရမည်၊ အမြဲတမ်း ယှဉ်ပြိုင်နေရမည်၊ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူတို့တွေကို ပါဝင်ယှဉ်ပြိုင်အနိုင်ယူ ခွင့်ပြုပါဆိုသည့်အတိုင်း နှစ်စဉ် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အမျိုးအစားများအနေဖြင့် အပြေး မီတာ ၅ဝ၊ မီတာ ၁ဝဝနှင့် မီတာ ၂ဝဝ၊ လမ်းလျှောက်မီတာ ၁ဝဝ၊ အလျားခုန်၊ Bocce နှင့်Softball အားကစားတို့ကို ထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် ရှမ်းပြည်နယ် ဥာဏ်ရည်မမီကျောင်း များမှ အင်အား ၃ဝဝ ကျော် လာ ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံမသန် စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံဥာဏ်ရည် မမီသူများ အားကစားအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစု လှိုင်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့သည်။ ပြိုင်ပွဲတွင် ရွှေတံဆိပ်အများ ဆုံးဆုကို ရန်ကုန်တိုင်းဒေသကြီး ဥာဏ်ရည်မမီသူများအားကစားအဖွဲ့ က ရရှိသွားသည်။

(ကြေးမုံ)

No comments:

Post a Comment