Tuesday, December 1, 2015

ပြည်မြို့ နဝဒေးရပ်ကွက်တွင် ကုန်တင်ကားပေါ်မှကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှုဖြစ်ပွား




ပြည် နိုဝင်ဘာ ၃ဝ


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ နဝဒေးရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်မှပြည်သို့ အဝတ် အထည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တစ်စီး ပေါ်ရှိ ကုန်ပစ္စည်းများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ ပြည်မြို့သို့ အဝတ်အထည်များ၊ စက်သုံးဆီများ၊ အင်ဂျင်ဝိုင်၊ ချွတ်ဆေးပုံးများ တင်ဆောင်၍ ဦးတင်မောင်ဆွေ မောင်းနှင်လာသော 8A/------- အစိမ်းရောင် နီဆန်း(၁ဝ)ဘီးယာဉ် သည် ပြည်မြို့ နဝဒေးရပ်ကွက် နယူး လုပ်သား ဂိတ်ရှေ့တွင် ညအိပ် ရပ်နားစဉ် ကုန်များဖိထားခြင်းကြောင့် ချွတ်ဆေးပုံး(ကော့စတစ်အရည်များ ပါ)သုံးပုံးအပူလွန်ကဲ၍ မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကနဦး သိရသည်။


မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသော အဝတ်အထည် များ၊ စက်သုံးဆီများ၊ ကုန်ပစ္စည်းများ၊ ချွတ်ဆေးပုံးများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော်က ပြောသည်။


မီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေ မီးသတ်ယာဉ်သုံးစီး၊ အရန်မီးသတ် ယာဉ်လေးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှု နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်မောင်ဆွေအား ပြည်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။


(မျိုးရန်ပိုင်ဝင်း)

No comments:

Post a Comment