Tuesday, December 1, 2015

မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘက်စုံအသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း



The Mirror Daily's photo.


ရန်ကုန် နိုဝင်ဘာ ၃ဝ

ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီအတွက် ဘက်စုံအသုံးပြုရန် Truck မော်တော်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင် TokyoPipe & Excel Hotel Group ဥက္ကဋ္ဌ ဦးသိန်းဟန်က မော်တော်ယာဉ် လှူဒါန်းရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလှူရှင် ဦးသိန်းဟန်နှင့် ဇနီး ဒေါက်တာသီသီ မိသားစုတို့က မော်တော်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment