Wednesday, December 2, 2015

လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆု မက်ဆီဆွတ်ခူး





ဘာစီလိုနာတိုက်စ်မှူး လီယွန်နယ်မက်ဆီသည် အဓိက ပြိုင်ဘက်ကစား သမား စီရိုနယ်လ်ဒိုအားကျော်လွန်ကာ ၂ဝ၁၄-၂ဝ၁၅ဘောလုံးရာသီ လာလီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံးတိုက်စစ် ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ယင်းဆုချီးမြင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ဝ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုမီဒီယာများနှင့် ပရိသတ်များက ရွေးချယ်သော ပရိသတ်အကြိုက်ဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သော စီရို နယ်လ်ဒိုက ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။ ရီးယဲလ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာနှင့် အက်သလက် ကြယ်ပွင့် ဂရစ်ဇ်မန်းတို့အား ကျော်လွန်ကာ အကောင်းဆုံးကွင်းလယ်ကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


ထို့ပြင် ဘာစီလိုနာနောက်ခံလူ ပီကေးနှင့် ဗလန်စီယာနောက်ခံလူ အော့တမန်ဒီတို့အား ကျော်ဖြတ်ကာ ရီးယဲလ်အသင်းခေါင်းဆောင်ရာမို့စ်က အကောင်းဆုံးနောက်ခံကစားသမားဆုကို ဆွတ်ခူးခဲ့သလို ဘာစီလိုနာဂိုးသမား ဘရာဗိုက အကောင်းဆုံးဂိုးသမားဆု၊ နေမာက အကောင်းဆုံး တောင်အမေရိ က ကစားသမားဆု၊ ဖက်ဂ်ဟိုလီက အာဖရိကအကောင်းဆုံးကစားသမားဆု၊ စီရိုနယ်လ်ဒိုက ပရိသတ်အကြိုက်နှစ်သက်ဆုံးဆု၊ ဘာစီလိုနာနည်းပြအန်းနရစ် က အကောင်းဆုံးနည်းပြဆုကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။


မေလဲ့သင်း


No comments:

Post a Comment