Wednesday, December 30, 2015

မြန်မာ့တိုင်းရင်းဆေး ကုထုံးစနစ်နှင့် တိုင်းရင်းဆေးအစွမ်းထက်မှုအပေါ် သုတေသနဆောင်ရွက်ရန်လို အစွမ်းထက်ဆေးပင်များ ဖော်ထုတ်ပြီး မျိုးပွားရန်နှင့်စိုက်ပျိုးထုတ်လုပ်အသုံးချနိုင်ရန် ဆောင်ရွက်




Myanmaalinn's photo.
Myanmaalinn's photo.
 နေပြည်တော် ဒီဇင်ဘာ ၂၉

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်း ရင်းဆေး သမားတော်များညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂)၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက် ရောက် အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းဆေးသမား တော်ကြီးများ၊ တိုင်းရင်းဆေးကောင်စီ နှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနား၌ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံကို နှစ်စဉ်ကျင်းပခဲ့သည် မှာ
ယခုနှစ်ဆိုလျှင် (၁၆)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပနိုင်မှုဖြင့် ကျေနပ်တင်းတိမ် မနေကြဘဲ ညီလာခံအဆက်ဆက်၌ ခေတ်ကာလ နှင့် လိုက်လျောညီထွေမှုရှိသည့် အဆိုပြုချက်၊ ထောက်ခံချက်၊ ဆွေးနွေးချက်များပြုလုပ်ပြီး ချမှတ် ပေးသည့် လုပ်ငန်းစဉ်များကို အပြည့်အဝ အကောင်အထည်ဖော် နိုင်အောင် စုပေါင်းအားထုတ်ကြရန် လိုအပ်ပါကြောင်း။
မြန်မာ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်ကို ပြန်ကြည့်မည်ဆိုပါက ၁၉၅၃ ခုနှစ် တွင် တိုင်းရင်းဆေးမြှင့်တင်ရေးရုံး ကို ကျန်းမာရေးဦးစီးဌာန အောက် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် တွင် ကျန်းမာရေးဝန်ကြီးဌာန၌ တိုင်းရင်းဆေးပညာ ဦးစီးဌာနကို သီးခြားဌာနအဖြစ် ဖွဲ့စည်းနိုင်ခဲ့ ပါကြောင်း။
၁၉၇၆ ခုနှစ်တွင် တိုင်းရင်းဆေး ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေး နိုင်ရေးအတွက် မန္တလေးတိုင်းရင်း ဆေးသိပ္ပံကျောင်းကို ဖွင့်လှစ်ပြီး ဒီပလိုမာအဆင့် ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂ဝဝဝ ပြည့်နှစ်တွင် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး တိုင်းရင်း ဆေးဆရာ(တဆ) လက်မှတ်များ ထုတ်ပေးခဲ့ပါကြောင်း၊ ထို့နောက် ၂ဝဝ၁ ခုနှစ်တွင် တိုင်းရင်းဆေး တက္ကသိုလ်ဖွင့်လှစ်ပြီး ဒီဂရီဘွဲ့အဆင့် ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့ ပါကြောင်း။
၂ဝ၁၄ ခုနှစ်တွင် ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းဆေးဝါး ဥပဒေကို ပထမအကြိမ်ပြင်ဆင်ခဲ့ပြီး ယင်းဥပဒေနှင့်အညီ အမျိုးအစားနှင့် အရည်အသွေး မှန်ကန်သည့် တိုင်းရင်းဆေးဝါးများ ထုတ်လုပ် ဖြန့်ဖြူး၍ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ရေးလိုင်စင် များကို စိစစ်ထုတ်ပေးခဲ့ပါကြောင်း။
တိုင်းရင်းဆေးပညာ ဦးစီးဌာန အနေဖြင့် ယနေ့အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ခုတင် ၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံ သုံးရုံ၊ ခုတင် ၅ဝ ဆံ့ ဆေးရုံ ကိုးရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ လေးရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ ခရိုင်တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးရုံး ၅ဝ နှင့် မြို့နယ် တိုင်းရင်းဆေးကုဌာန၂၁ဝ ကို ဖွင့် လှစ်ခဲ့ပြီးဖြစ်ပါကြောင်း။
သို့သော် တိုင်းရင်းဆေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများစွာ ကျန်ရှိနေ ပါကြောင်း၊ ¤င်းတွင် မြန်မာ့တိုင်း ရင်းဆေးကုထုံးစနစ်နှင့် တိုင်းရင်း ဆေးဝါးများ၏ အစွမ်းထက်မြက်မှု အပေါ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
သုတေသနပြုသည်ဆိုသည်မှာ အထောက်အထား ခိုင်လုံအောင် ပြနိုင်ရန်ဖြစ်ရာ တိုင်းရင်းဆေးဆရာ များအနေဖြင့် မိမိကုထုံးစနစ်ကို မှတ်တမ်းမှတ်ရာ သေချာစွာထား ရှိပြီး ကုထုံးစနစ်၏ အားသာချက်၊ အားနည်းချက်များကို ရိုးသားစွာ မှတ်တမ်းပြုစုကြရန်လိုအပ်ပြီး ၎င်း မှတ်တမ်းမှတ်ရာများကို စနစ်တကျ ပြုစု၍ သက်သေအထောက်အထား များနှင့် တင်ပြနိုင်ရန်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း သိပ္ပံသုတေသီ ပညာရှင်များအနေဖြင့် သဘာဝ တိုင်းရင်းဆေးဝါးများ၏ အန္တရာယ် ကင်းရှင်းမှု၊ အရည်အသွေး အဆင့် အတန်းနှင့် အာနိသင်ရှိမှုနှင့် မရှိမှု များကို သုတေသနပြုလုပ်ကြစေလိုပါ ကြောင်း၊ ယင်းမှတစ်ဆင့်တက်ပြီး ဆေးဝါးဗေဒ၊ သစ်တော၊ စိုက်ပျိုးရေး၊ ဆေးပညာစသည့် နှီးနွှယ်သော ဘာသာရပ်အသီးသီးမှ ပညာရှင်များ နှင့် ပေါင်းစပ်၍ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။
တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ ၏ ရေမြေတောတောင်အတွင်း ပေါက်ရောက်သည့် အစွမ်းထက် ဆေးပင်များကို ဖော်ထုတ်ထိန်းသိမ်း ပြီး မျိုးပွားရန်နှင့် စိုက်ပျိုးထုတ်လုပ် အသုံးချနိုင်ရန် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထံမှ (၁၆) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ ပေးပို့သည့် ဂုဏ်ပြု သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ဖတ်ကြား သည်။
ယင်းနောက် ဒုတိယသမ္မတသည် အဆိုပါ အစည်းအဝေးခန်းအတွင်း၌ ခင်းကျင်းပြသထားသော တိုင်းရင်း ဆေးသမားတော်များ ထုတ်လုပ်ထား သည့် တိုင်းရင်းဆေးဝါးများကို လှည့်လည်ကြည့်ရှုသည်။
ဖွင့်ပွဲအပြီးတွင် (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ညီလာခံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ထမ်းများနှင့် ပြင်ပတိုင်းရင်းဆေး ပညာရှင်များ ပူးပေါင်း၍ စဉ်ဆက် မပြတ် တိုင်းရင်းဆေးပညာဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ ၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာ အဆင့်အတန်း တိုးတက်မြင့်မားလာ စေရန်၊ တိမ်မြုပ်ပျောက်ကွယ်လု နီးပါးဖြစ်နေသော တိုင်းရင်းဆေး ပညာရောဂါ ရှာဖွေနည်းစနစ်များ အား ပြန်လည်ဖော်ထုတ်၍ လက်တွေ့အသုံးချနိုင်ရန်၊ မြန်မာ့ တိုင်းရင်းဆေးပညာ၏ သမားစဉ် ကုထုံးနည်းစနစ်များနှင့် အစွမ်းထက် ဆေးဝါးများကို တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ မိမိတို့ပတ်ဝန်းကျင် ရှိ ပရဆေးပင်များအကြောင်းကို ပြည်လူလူထုက သိရှိနားလည် အသုံးပြုလာနိုင်စေပြီး တိုင်းရင်းဆေး ဖြင့် ပဏာမကျန်းမာရေး စောင့် ရှောက်မှုကို ပိုမိုတိုးတက်ဖော်ဆောင် နိုင်စေရန်၊ အရည်အသွေးစစ်မှန် သော ပရဆေးကုန်ကြမ်းပစ္စည်းများ ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် နိုင်သည်အထိ ပညာပေးစည်းရုံး ဆောင်ရွက်ရန် စသည့် အဆိုပြု ချက်(၅)ချက်ကို တင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းနှင့် ဆုံးဖြတ် ချက်ရယူခြင်းတို့ ဆောင်ရွက်ကြပြီး ဒီဇင်ဘာ ၃ဝ ရက်တွင်လည်း အဆိုပါ ခန်းမ၌ မြန်မာ့တိုင်းရင်းဆေးပညာ ရှင်များ နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။
ညပိုင်းတွင် (၁၆)ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းဆေးသမားတော်ကြီးများ အား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment