Wednesday, December 30, 2015

တရုတ်၏ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးဥပဒေသစ်ကို အမေရိကန်စိုးရိမ်



Myanmaalinn's photo.
ဝါရှင်တန် ဒီဇင်ဘာ ၂၉

တရုတ်နိုင်ငံ၏ တန်ပြန်အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေသစ်သည် လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ထိန်းချုပ်သကဲ့သို့ ဖြစ်စေသောကြောင့် ယင်းဥပဒေ သစ်အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန် ပြည်ထောင်စုက ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သော စည်းဝေးပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေး ဆိုခွင့်ရှိသူ မာ့ခ်တိုနာက တန်ပြန်အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေသစ်ကို အတည်ပြုရာတွင် သက်ဆိုင်ရာ အာဏာပိုင်များနှင့် သတင်းအချက်အလက်များဖလှယ် ရန် အင်တာနက်နှင့် ဆက်စပ်သော ကုမ္ပဏီများ လိုအပ်ကြောင်း ရည်ညွှန်းပြောဆို ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက တရုတ်၏ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးဥပဒေသစ် အဓိပ္ပာယ်ဖွင့်ဆိုချက် ကျယ်ပြန့်လာနိုင်ခြင်းကို စိုးရိမ်ပူပန်မိကြောင်း ၄င်းက ထပ်လောင်းပြောဆိုခဲ့သည်။ ထို့အပြင် လွတ်လပ်စွာဖော် ထုတ်ခွင့်၊ အဖွဲ့အစည်းများ၏ လွတ်လပ်ပိုင်ခွင့်၊ ငြိမ်း ချမ်းစွာစုဝေးခွင့်တို့ကို တားဆီးရာရောက်နိုင်ကြောင်း ၄င်းကထပ်မံပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၂၇ ရက်က ချမှတ်ခဲ့သော အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး ဥပဒေများအရ အင်တာနက်နှင့် တယ်လီကွန်းကုမ္ပဏီများက ၄င်းတို့၏ လျှို့ဝှက်ကုတ် နံပါတ်များကို လုံခြုံရေးဆိုင်ရာ အာဏာပိုင်များသို့ပေး ထားရန် လိုအပ်ကြောင်း သိရသည်။
အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး မီဒီယာ ဖော်ပြချက်များလည်း ကန့်သတ်မှုများရှိလာနိုင်ကြောင်း သိရသည်။ ထို့အပြင် အစုအဖွဲ့များ သို့မဟုတ် တစ်ဦးချင်း ကိုလည်း စမ်းသပ်တိုက်ခိုက်မှုပြုလုပ်ရာတွင် အသေးစိတ် အချက်အလက်များ ထောက်ပံ့ပေးခြင်းကိုလည်း တားမြစ် လိုက်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်လုပ်ရပ် အားလုံးကို ရှုတ်ချကြောင်း မာ့ခ်တိုနာက ပြောခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံသည် အဆိုပါ ဥပဒေသစ်ကို အသုံးချပြီး ဝီဂါမျိုးနွယ်စုနှင့် အခြားနိုင်ငံရေးသဘော ထားကွဲလွဲသူများကို ထိန်းချုပ်မှုများ ပြုလုပ်မည်ကို အမေ ရိကန်အစိုးရက စိုးရိမ်လျက်ရှိသည်။

(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment