Wednesday, December 30, 2015

နိုင်ဂျီးရီးယားဗုံးခွဲတိုက်ခိုက်မှုများအတွင်း လူ ၇၀ ကျော်သေဆုံး၊၁၀၀ ကျော်ဒဏ်ရာရ



Myanmaalinn's photo.
 လေဂို့စ် ဒီဇင်ဘာ ၂၉

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၌ ဗုံးခွဲမှုများနှင့် အသေခံတိုက်ခိုက်မှုများအတွင်း လူပေါင်း ၇ဝ ကျော် သေဆုံးကာ ၁ဝဝ ကျော် ဒဏ်ရာရရှိသွားကြောင်း ရဲအဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။
နိုင်ဂျီးရီးယား ဘိုနိုပြည်နယ်မြို့တော် မိုင်ဒူဂူရီမြို့ ဆင်ခြေဖုံးရှိ ဗလီတစ်ခုအနီး ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး နောက် လူအများအပြား သေဆုံးခဲ့ရကြောင်း နိုင်ဂျီးရီးယား ရဲအဖွဲ့က ဒီဇင်ဘာ ၂၈ ရက်က ပြောသည်။
''ကျွန်တော့်အနေနဲ့ ဒီဇင်ဘာ ၂၈ ရက်အစောပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ အတည်ပြုပြောကြားလိုက် ပါတယ်။ သေဆုံးသူအရေအတွက်တော့ ပြောကြားနိုင်ခြင်းမရှိသေးဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေက ရေတွက် နေကြဆဲဖြစ်ပါတယ်'' ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗစ်တာအစ်ဆူကူက ပြောသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၂ဝ မက သေဆုံးနိုင်ကြောင်း၊ သို့သော် ဆေးရုံသတင်းရပ်ကွက်က အဆိုပါဗလီမှ ရုပ်အလောင်း ၃ဝ သာ လက်ခံရရှိထားကြောင်း တာဝန်ရှိသူများက ပြောသည်။ နိုင်ဂျီးရီးယား အဒါမာဝါပြည်နယ်၌ ဒီဇင်ဘာ ၂၈ ရက်က တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံးကာ အခြား ၄၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲအဖွဲ့က ပြောသည်။

(ဆင်ဟွာ)

No comments:

Post a Comment