Tuesday, December 29, 2015

အသုံးတွင်ကျယ်လာမှုကြောင့် အလုပ်ဖြစ်လာသော ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရောင်းချမှုလုပ်ငန်း




မန္တလေး ဒီဇင်ဘာ ၂၈


မန္တလေးမြို့နှင့်အနီးတစ်ဝိုက် ကျေးလက်ဒေသများနှင့် မြို့ပြများတွင် ကွန်ကရစ်ပစ္စည်းများ တွင်ကျယ်စွာအသုံးပြုလာသည့်အတွက် ကွန်ကရစ်ပစ္စည်း ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ အဆင်ပြေလျက်ရှိသည်။ တစ်ပိုင် တစ်နိုင် ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများလည်း တိုးပွား လာလျက်ရှိသည်။ ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရောင်းချသည့်ဆိုင်များတွင် အများအားဖြင့် ကွန်ကရစ်ရေကန်၊ ကွန်ကရစ်ကျောက်ခွေ၊ ကွန်ကရစ်ြ>ွပန်ပိုက်လုံး၊ ဝင်းထရံတိုင်၊ ကျင်တွယ်တိုင်နှင့် ပွတ်လုံးများကို အများစုထုတ်လုပ်ရောင်းချ ကြသည်။
ကွန်ကရစ်ပစ္စည်းများထုတ်လုပ်မှုတွင် အချိုးအစားညီမျှစွာဖြင့် ဘိလပ်မြေ တစ်ဆ၊ သဲသုံးဆ၊ သုံးမူး ကျောက်ဘီကျောက်ငါးဆကို အချိုးကျရောစပ်ကာ ပုံစံခွက်အတွင်းလောင်းကာ ပြုလုပ်ကြသည်။ ကွန်ကရစ်ပစ္စည်းတစ်ခုထုတ် လုပ်မှုတွင် အနည်းဆုံး ငါးရက်မှ ခုနစ်ရက်အထိ ခြောက်သွေ့အောင်ထားရှိ ကြသည်။ လက်ရှိကာလတွင်ကွန်ကရစ်ပစ္စည်းထုတ်လုပ်ရောင်းချသူများသည် အိမ်အရောက်ဝန်ဆောင်မှုပေးကာ လိုအပ်လျှင် ကျင်တွယ်တိုင်စိုက်သည့် မြေကျင်းများအတွင်း ချပေးသည်အထိ ဝန်ဆောင်မှုပေးလာကြသည်။


လက်ရှိကာလတွင် ရေလောင်းအိမ်သာများတည်ဆောက်ခြင်းမှအစ အိမ်များတည်ဆောက်ခြင်း၊ ဝင်းထရံတိုင်များစိုက်ထူခြင်းများအတွက် ကွန်ကရစ် ပစ္စည်းထုတ်လုပ်ရောင်းချသူများက ကျွမ်းကျင်သူများနှင့်ဆက်သွယ်ကာ ဝန်ဆောင်မှုပေးလာသည်။ အကျယ်သုံးပေ၊ အနက် ၁၂ ပေရှိသော မိလ္လာကျင်း တစ်ကျင်းအတွက် မြေတူးခမှစကာ ကျောက်ခွေချခြင်း၊ ကျောက်ပြား အဖုံး တပ်ဆင်ခြင်း၊ြေ<ွကခွက်(မိလ္လာခွက်)မှအစ ကွန်ကရစ်ခြေနင်းတုံးများ နေရာချ ထားမှုများကို အပြီးအစီးငွေကျပ်တစ်သိန်းငါးသောင်းဖြင့် ပြုလုပ်ပေးသည် အထိ ဝန်ဆောင်မှုပေးလာကြကြောင်း သိရသည်။


ဈေးနှုန်းသင့်တင့်စွာယူကာ များများရောင်းချနိုင်အောင် အပြိုင်အဆိုင် ပြုလုပ်မှုများ၊ ဝန်ဆောင်မှုပေးခြင်းများဖြင့် ဖောက်သည်များကိုဆွဲဆောင်နိုင် အောင်ကြိုးစားလာကြသည်။ ကွန်ကရစ်ပစ္စည်းများ၏ လက်ရှိပေါက်ဈေးများမှာ အကျယ်သုံးပေ၊ အမြင့်တစ်ပေခွဲရှိကျောက်ခွေတစ်ခွေလျှင် ငွေကျပ်ကိုးထောင်၊ လေးပေပတ်လည်ကျောက်ပြား အဖုံးတစ်ခုလျှင် ငွေကျပ်တစ်သောင်းရှစ်ထောင်၊ နှစ်ပေအမြင့် ကွန်ကရစ်ကျင်တွယ်တိုင်တစ်တိုင်လျှင် ငွေကျပ် ခြောက်ထောင်၊ ခုနစ်ပေအမြင့် ကွန်ကရစ်ဝင်းထရံတိုင်တစ်တိုင်လျှင် ငွေကျပ်ခြောက်ထောင်၊ အကျယ်သုံးပေ အမြင့်တစ်ပေခွဲရှိ ကွန်ကရစ်ရေကန်တစ်ကန်လျှင်ငွေကျပ် တစ်သောင်းရှစ်ထောင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။



(တိမ်တမန်)

No comments:

Post a Comment