Wednesday, December 30, 2015

အိန္ဒိယနိုင်ငံတွင် အဆောက်အအုံပြိုကျမှုများ မကြာခဏဖြစ်ပေါ်



Myanmaalinn's photo.
နယူးဒေလီ ဒီဇင်ဘာ ၂၉ 

ဒီဇင်ဘာ ၂၉ ရက် လူစည်ကား ချိန်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်း မြို့အနီး၌ အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် လူကိုးဦး ထက် မနည်းဒဏ်ရာရရှိသွားပြီး ၁၂ဦး ပိတ်မိနေကြောင်း အကြီးတန်းရဲ အရာရှိတစ်ဦးက ပြောခဲ့သည်။
နှစ်ထပ်အဆောက်အအုံတစ်လုံး သည် ဘီဝမ်ဒီဒေသတွင် ဒေသ စံတော်ချိန် နံနက် ၅ နာရီခန့်က ပြိုကျမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ သေဆုံးသည့် သတင်းမရရှိသေး ကြောင်း သိရသည်။ ပြိုကျ အဆောက်အအုံအောက်တွင် ပိတ်မိ နေသော လူများကို ကယ်တင်ရန် ကြိုးစားနေကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ဒေသတွင်း ရုပ်သံလိုင်းများက အပျက်အစီးကြားမှ လူအနည်း ငယ်သာ ဆွဲထုတ်ကယ်တင်နိုင်သေး ကြောင်း၊ ဆွဲထုတ်ကယ်တင်နိုင်သော လူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်း၊ အချို့မှာ ဒဏ်ရာအပြင်း အထန်ရရှိထားကြောင်း သတင်းများ တွင် ဖော်ပြခဲ့သည်။
အဆောက်အအုံပြိုကျရသည့် အကြောင်းရင်းကို သိရှိရန် စုံစမ်းမှု များပြုလုပ်နေကြောင်း တာဝန်ရှိသူ များက ပြောသည်။
အိန္ဒိယအလယ်ပိုင်း ချန်ဒီဂါ တွင် တည်ဆောက်ဆဲ အဆောက် အအုံပြိုကျပြီး အလုပ်သမားခြောက် ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားပြီး တစ်ရက်အကြာတွင် ယခု အဆောက်အအုံပြိုကျမှု ဖြစ်ပွား ခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် အဆောက် အအုံဆောက်လုပ်သည့် အတွေ့ အကြုံအားနည်းခြင်း၊ နိုင်ငံ၏လူလတ်တန်းစား ကြီးထွားလာမှု ကြောင့် တန်ဖိုးနည်းအိမ်ရာ တည် ဆောက်မှု များပြားလာခြင်း စသည့် အကြောင်းများကြောင့် ယင်းနိုင်ငံ တွင် အဆောက်အအုံ ပြိုကျမှုသည် မကြာခဏဖြစ်ပွားသော ကိစ္စရပ်ဖြစ် ကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment