Tuesday, December 29, 2015

အီရတ်တပ်ဖွဲ့ဝင်များရာမဒီမြို့ကို ပြန်သိမ်းနိုင်ကြောင်းကြေညာ



Myanmaalinn's photo.
ဘဂ္ဂဒက် ဒီဇင်ဘာ ၂၈

အီရတ်တပ်မတော်က တနင်္ဂနွေ နေ့တွင် ဘဂ္ဂဒက်အနောက်ဘက် ပြည်နယ် မြို့တော်ရှိ အိုင်အက်စ် တိုက်ခိုက်ရေးသမားများ အပေါ် အောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။ လွန်ခဲ့သော ၁၈ လက အိုင်အက်စ်စစ်သွေးကြွများ၏ တိုက် ခိုက်မှုကို ရင်ဆိုင်ရပြီးနောက် အမေ ရိကန်လေ့ကျင့်ပေးထားသော အီရတ် တပ်မတော်က ပထမဆုံးအဓိက အောင်နိုင်မှုကို ရရှိလိုက်ခြင်းဖြစ် သည်။
ယူဖရေးတီးစ်မြစ်ပေါ်ရှိ ဆွန်နီ မွတ်စလင်အများစုနေထိုင်ရာ အန် ဘာပြည်နယ်၏မြို့တော်ရာမဒီမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် ၂ဝ၁၅ ခုနှစ် အတွင်း အိုင်အက်စ်စစ်သွေးကြွများ အား အကြီးမားဆုံးသောအောင်နိုင်မှုဖြစ်သည်ဟု အီရတ်တပ်မတော် တာဝန်ရှိသူများက ဆိုသည်။
ဝါရှင်တန်က အိုင်အက်စ် စစ်သွေးကြွများအား ချေမှုန်းရေး မဟာဗျူဟာတစ်ရပ်ဖြစ်သည့် လေ ကြောင်းတိုက်ခိုက်မှု မစတင်မီ အိုင်အက်စ်တို့၏ ရုတ်တရက်စီးနင်း တိုက်ခိုက်ခံရပြီး အစိုးရတပ်များ ဆုတ်ခွာထွက်ပြေးပြီးနောက် တိုက် ခိုက်ရေးသမားများက မေလတွင် ရာမဒီမြို့ကို ထိန်းချုပ်ထားခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်များက အီရတ်တပ်မတော်အနေဖြင့် အဆိုပါ မြို့ကို ပြန်သိမ်းမည်ဆိုသော ရည်ရွယ်ချက်ထားရှိကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တနင်္ဂနွေနေ့တွင် အိုင်အက်စ်တို့၏ ဗဟိုကွပ်ကဲရေး ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အစိုးရတပ်ကို ဦးဆောင် သည့် ပြောရေးဆိုခွင့်ရှိသူ ဆာဘက် အယ်လ်နူမာနီကပြောသည်။
အီရတ်တပ်ဖွဲ့ဝင်များ၏ ဟမ်း ဘီးယာဉ်များနှင့် တင့်ကားများ၊ ရာမဒီမြို့ လမ်းမများပေါ်ရှိ ပြိုကျ ပျက်စီးနေသော အဆောက်အအုံများ အကြား ဝင်ရောက်လာသည့် ဗီဒီယို မှတ်တမ်းတိပ်ခွေကို ရုပ်မြင်သံကြား မှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment