Tuesday, November 3, 2015

ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ရထားသံလမ်းများအား Thermit Welding ဖြင့် ဆက်၍ လဲလှယ်ပြုပြင်ဆောင်ရွက်လျက်ရှိ




ရန်ကုန် နိုဝင်ဘာ ၂
ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ပတ် လမ်းပိုင်းရှိ ရထားသံလမ်းများကြံ့ခိုင်မှုရှိစေရေးနှင့် ရထား စီးခရီးသည်များ သက်သောင့်သက်သာရှိစေရေးအတွက် လေးချောင်းဆက် ရထားသံလမ်းများအား ခေတ်မီနည်း ပညာဖြစ်သော Thermit Welding ဖြင့်ဆက်၍ လဲလှယ် ပြုပြင်ဆောင်ရွက်လျက်ရှိသည်။
ရထားလမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းဆောင် ရွက်ချက်အရ ရန်ကုန်မြို့ပတ်လမ်းပိုင်း၏ မိုင်အရှည် ဖြစ်သော ၂၉ ဒသမ ၅ မိုင်အား နိုင်ငံတော်ဘတ်ဂျက်ဖြင့် မြန်မာ့မီးရထားမှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရထားလမ်းတစ်လျှောက်ရှိ ယခင်သစ်သားဇလီဖားတုံးများကို ကွန်ကရစ်ဇလီဖားတုံးများဖြင့် အစားထိုးလဲလှယ်ဆောင် ရွက်ပြီးစီးသွားပြီဖြစ်သည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင်လည်း လေးချောင်း ဆက်သံလမ်းများကိုThermit Welding ဖြင့်ဆက်ပြီး ရထားလမ်းပိုင်းများအတွင်း လဲလှယ်ဆောင်ရွက်လျက် ရှိရာ ယခုအခါ ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာ အထိ အစုန်လမ်းအား လဲလှယ်ဆောင်ရွက်ပြီးစီး၍ လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ ALL TM စက်ကြီးဖြင့် ပက်ကင်ရိုက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ဆောင် ရွက်ရန် ခွင့်ပြုချက်ရရှိသည့် ရန်ကုန်ဘူတာကြီးမှ ကမာရွတ် ဘူတာကြားဖြစ်သော အစုန်/အဆန် (၁၁)မိုင် အနက် ယခုအခါ ၆ မိုင်မှာ လေးချောင်းဆက်သံလမ်းများလဲလှယ် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် ၅ မိုင်အားဘတ်ဂျက် နှစ်အတွင်းအမြန်ပြီးစီးရေး မြန်မာ့မီးရထားလုပ်ငန်းမှ ဝန်ထမ်းများနှင့် လုပ်သားများက နေ့ရောညပါဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ပတ်လမ်းပိုင်းဖြစ်သော ကမာရွတ်-တညင်းကုန်း ဘူတာထိအစုန်/အဆန် (၁၂) မိုင်ကိုလည်း လမ်းခင်း ကျောက်လိုသည့်နေရာများ၌ ကျောက်များထပ်မံဖြည့် တင်း၍ ALL TMစက်ကြီးဖြင့် ပက်ကင်ရိုက်ခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိသည်။
မြန်မာ့မီးရထား၊ တိုင်းအမှတ်(၇) မှ လက်ထောက် အထွေထွေမန်နေဂျာ(မြို့ပြ)ဦးတင်မြင့်က ''လက်ရှိ လေးချောင်းဆက်သံလမ်းများThermit Welding ဖြင့် ဆက်ခြင်းလုပ်ငန်းများကို ကြည့်မြင်တိုင်ဘူတာမှာအခြေပြု ပြီး ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်ပြီးသံလမ်းများကို တော့ လဲမယ့်လမ်းပိုင်းနေရာထိ RGC ထရော်လီဖြင့် သယ်ယူသွားပြီး ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ လေး ချောင်းဆက်လဲပြီးတဲ့နေရာမှာ ကျောက်လိုရင်ကျောက်ထပ် ဖြည့်ရပါတယ်။ ရထားလမ်းမှာ ကျောက်ကအဓိကပါ။ သံလမ်းအဆက်လည်းနည်းသွားတာပေါ့။ ပြီးတော့ ရထား သွားတဲ့အခါမှာလည်း အရင်ကဆိုဂျိုင်းဆက်နေရာတွေ ရောက်ရင်အားနည်းချက်ရှိတော့ ခုန်ဆောင့်လူးဖြစ်တယ်။ အခုလိုလေးချောင်းဆက်လဲပြီးတဲ့အခါကျတော့ တစ်မိုင် မှာအဆက်ရေ ၃၄ နေရာပဲရှိတော့ပါတယ်။ ဒီတော့ သံလမ်းအဆက်ရေနည်းသွားပြီဆိုတော့ ဒါကိုကျောက်ထပ် ဖြည့်ပြီး စက်ပက်ကင်နဲ့ ရိုက်လိုက်တော့ခုန်ဆောင့်လူး မဖြစ်တော့ဘဲ ရထားစီးခရီးသည်များအတွက် သက် သောင့်သက်သာဖြစ်စေမှာဖြစ်ပါတယ်''ဟု ရှင်းပြခဲ့သည်။
မြန်မာ့မီးရထား၌တိုင်းအမှတ်(၁)မြစ်ကြီးနား၊ တိုင်း အမှတ်(၂)ရွာထောင်၊ တိုင်းအမှတ်(၃)မန္တလေး၊ တိုင်း အမှတ်(၄)ကလော၊ တိုင်းအမှတ်(၅)တောင်ငူ၊ တိုင်းအမှတ် (၆)ပဲခူး၊ တိုင်းအမှတ်(၇)ရန်ကုန်၊ တိုင်းအမှတ်(၈)မော်လမြိုင်၊ တိုင်းအမှတ်(၉)ဟင်္သာတ၊ တိုင်းအမှတ်(၁ဝ)ပခုက္ကူ၊ တိုင်း အမှတ်(၁၁)ပုဂံဟူ၍ခွဲခြားထားပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းဖြစ်သည့် အရှည်မိုင် ၃၈၅ ဒသမ ၅မိုင် အတွင်း တိုင်းအမှတ်(၃)ဖြစ်သော မန္တလေးဘူတာမှ ရွာပုလဲ ဘူတာထိ(၇၆ ဒသမ ၁ မိုင် )၊ တိုင်းအမှတ်(၄)ဖြစ်သော ရွာပုလဲ၏လမ်းညွှန်မှုအထွေထွေမန်နေဂျာ(မြို့ပြ)နှင့် ဒုတိယအထွေထွေမန်နေဂျာ(မြို့ပြ)တို့၏ စီစဉ်ညွှန်ကြားမှု၊ တိုင်းအင်ဂျင်နီယာ(မြို့ပြ)များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းနယ်မြေအလိုက် ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျက်ရရှိမှုအပေါ် အခြေပြု၍ ကွန်ကရစ်ဇလီဖာတုံးများလဲလှယ်ခြင်း၊ ရထား လမ်းခင်းကျောက်များ ဖြည့်ခြင်း၊ ရထားလမ်းကျောက် ရရှိမှုပေါ် မူတည်ပြီး(Automatic Levelling, Lining & Tamping Machine) ALL TM စက်ကြီးများဖြင့် ပက်ကင်ရိုက်ခြင်းလုပ်ငန်းများကို မြန်မာ့မီးရထားလုပ်ငန်းမှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရန်ကုန်မြို့ပတ်လမ်းပိုင်းအား ဘူတာများ လွန်စွာနီးကပ်နေသဖြင့် ရထားပြေးဆွဲချိန်ကို တစ်နာရီ ၂၅ မိုင်နှုန်းသတ်မှတ်ထားကြောင်း၊ ရန်ကုန်မြို့ပတ်လမ်း ပိုင်းကို ALL TM စက်ကြီးဖြင့် ပက်ကင်ရိုက်ခြင်း လုပ်ငန်းအားလာမည့်ဇန်နဝါရီလကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်းအမှတ် (၇) ရန်ကုန်၊ မြို့ပြအင်ဂျင်နီယာဌာနမှ သိရသည်။
စိုးဝင်း(MLA)

No comments:

Post a Comment