Monday, November 2, 2015

ရေကြောင်းရဲတပ်ဖွဲ့သို့ ထူးဖောင်ဒေးရှင်းမှ Speed Boat ရေယာဉ်လွှဲပြောင်းလှူဒါန်း




The Mirror Daily's photo.



ကော့သောင်း နိုဝင်ဘာ ၁

ထူးဖောင်ဒေးရှင်းနာယကဦးတေဇ ဦးဆောင်သည့် ထူးဖောင်ဒေးရှင်းမှ ပြည်ထဲရေးဝန်ကြီးဌာန ရေကြောင်း ရဲတပ်ဖွဲ့တွင် အသုံးပြုနိုင်ရန်အတွက် Carver yacht 370 အမျိုးအစား Speed Boat လွှဲပြောင်းလှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၃ဝ ရက်နံနက်၈နာရီခွဲတွင် ကော့သောင်း မြို့ ဘုရင့်နောင်တံတားတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ရေယာဉ်လှူဒါန်းရခြင်း အကြောင်းနှင့် ထူးဖောင်ဒေးရှင်းမှ ဆောင်ရွက်နေမှုအား ရှင်းလင်းပြော ကြားခဲ့ပြီး ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ်က ရေယာဉ် နှင့်ပတ်သက်သောအထောက်အထားများ ပေးအပ်ခဲ့ပြီး ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းကလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မန်း(ကိုယ်ပွား)

No comments:

Post a Comment