Monday, November 2, 2015

နည်းပညာတက္ကသိုလ်(သန်လျင်) Project Show & Competition 2015 ကျင်းပ




ရန်ကုန် နိုဝင်ဘာ ၁
နည်းပညာတက္ကသိုလ်(သန်လျင်)၏ Project Show & Competition 2015 ကို ယင်းတက္ကသိုလ်၌ အောက်တိုဘာ တတိယပတ်က ကျင်းပရာ ရှေးဦးစွာ ပါမောက္ခချုပ်ဒေါက်တာကေသီလွင်က နည်းပညာ ကျောင်းသားများအနေဖြင့် တီထွင်ဖန်တီးနိုင်မှု စွမ်းအားတိုးတက်မြင့်မားစေရေး၊ လက်တွေ့အကောင် အထည်ဖော်ရာတွင်Theory ပိုင်းနှင့်Practical ပိုင်းဆိုင် ရာများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ယခုနှစ် တွင် ပြပွဲနှင့်အတူ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၏ နည်းပညာလက်တွေ့ပြိုင်ပွဲများ ထည့် သွင်းကျင်းပခြင်းဖြင့် ထူးချွန်ထက်မြက်သော အင်ဂျင် နီယာကောင်းများ ပေါ်ထွန်းစေရေးအတွက် ကျင်းပပေးရ ခြင်းဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကို ကိုထွေးက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များအား ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဘာသာရပ်ဆိုင်ရာ ကျောင်းသား ကျောင်းသူများ၏ ပြပွဲ၊ ပြိုင်ပွဲများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက်Project Show & Competition 2015 တွင် ဆုရရှိသော ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာ ကေသီလွင် နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
သန်းဝင်း(သန်လျင်)

No comments:

Post a Comment