Monday, November 2, 2015

ဇာတ်ကောင်ပြောင်းလဲပါဝင်ခြင်းမရှိသည့် ပါဝါရိန်းဂျားရုပ်ရှင်သစ်




သားသားမီးမီးတို့ အကြိုက် ရောင်စုံ ပါဝါရိန်းဂျားလေးများ ပါဝင်သော လူစွမ်းကောင်းရုပ်ရှင် တစ်မျိုးဖြစ်သည့် ပါဝါရိန်းဂျား ရုပ်ရှင်များ၏ ရုပ်ရှင်သစ်ကို ၂ဝ၁၇ခုနှစ်တွင် ထုန်လုပ်ဖြန့်ချိ သွားမည်ဖြစ်သည်။
ယခင်ရုပ်ရှင်များတွင် ပါဝါ ရိန်းဂျားငါးဦးပါဝင်ခဲ့ရာမှ ယင်း ရုပ်ရှင်သစ်တွင် ဇာတ်ကောင်သစ် တစ်ဦး ထပ်မံပါဝင်မည်ဟု ကောလာဟလသတင်းများထွက်ခဲ့ ရာ ယင်းသတင်းမှာ မှန်ကန်ခြင်း မရှိကြောင်းနှင့် ရုပ်ရှင်သစ်တွင် လည်း ပါဝါရိန်းဂျားငါးဦးသာ ပါဝင် မည်ဖြစ်ကြောင်း Saban Entertainment က ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါရုပ်ရှင်သစ်တွင် အနီ ရောင်ပါဝါရိန်းဂျား ဂျက်ဆင်အဖြစ် ဒက်ကရီ မောင့်ဂိုမာရီကလည်း ကောင်း၊ ပန်းရောင်ပါဝါရိန်းဂျားကင်မ်ဘာလေအဖြစ် နိုမီစကော့ထ် က လည်းကောင်း၊ အနက်ရောင် ပါဝါရိန်းဂျား ဇက်ခ်အဖြစ် လူဒီလင်န်ကလည်းကောင်း၊ အပြာ ရောင်ပါဝါရိန်းဂျား ဘစ်လီအဖြစ် အာဂျေဆိုင်လာက လည်းကောင်း၊ အဝါရောင်ပါဝါရိန်းဂျား ထရိုင်နီ အဖြစ် ဘက်ကရီဂျီကလည်းကောင်း အသီးသီးပါဝင်သရုပ်ဆောင်သွားကြ မည်ဖြစ်သည်။
အဆိုပါရုပ်ရှင်သည် ထူးခြားသည့် စွမ်းအားများ အသီးသီးရှိကြသည့် လူစွမ်းကောင်းငါးဦးတို့က ပါဝါ ရိန်းဂျားများအသွင် ဖန်တီးကာ ကမ္ဘာ ပေါ်ကျရောက်လာသည့် အန္တရာယ် များကို ၄င်းတို့၏စွမ်းအားများ အသုံးပြုကာ ရင်ဆိုင်တိုက်ထုတ်ပုံများ ကို ဇာတ်လမ်းဆင်ရိုက်ကူးထား သည့် ရုပ်ရှင်ဖြစ်သည်။ ယင်းရုပ်ရှင် သစ်ကို ဒါရိုက်တာ ဒင်န်းအစ်ရာရယ် လိုက်ထ်က တာဝန်ယူရိုက်ကူးပေး မည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံတွင် ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၁၃ရက်မှ စတင်ကာ ရုံတင်ပြသသွားမည်ဖြစ် သည်။
အေးပြည့်

No comments:

Post a Comment