Monday, November 2, 2015

Acer မှ မြေပြင်အနေအထားအမျိုးမျိုးတွင် သွားလာနိုင်သောယာဉ် ထုတ်လုပ်မည်


Acer ဟုဆိုလိုက်လျှင် စမတ် ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာ ပစ္စည်းများကိုပင် မြင်ယောင်မိကြ မည်ဖြစ်သည်။ ယခုအခါ ထိုင်ဝမ် အခြေစိုက် နည်းပညာလုပ်ငန်း တစ်ခုဖြစ်သောAcer ၏ခြေလှမ်း သစ်တစ်ခုကို တွေ့မြင်ရမည်ဖြစ် သည်။
မြေပြင်အနေအထားအမျိုးမျိုး တွင် သွားလာနိုင်သော ယာဉ် တစ်မျိုးကို Acer မှ နည်းပညာသစ် များဖြင့် စတင်ထုတ်လုပ်မည်ဟုသိရ သည်။Acer မှ eATV ဟုခေါ် သောElectric All-Terrain Vehicle အမျိုးအစားကို X Terran ဟု အမည်ပေးထားပြီး မြူးနစ်မြို့၌ ကျင်းပသည့် eCarTech Conference တွင် မိတ်ဆက်ပြသခဲ့ခြင်း ဖြစ်သည်။ ကားနှင့်ပတ်သက်သည့် အချက် အလက် အသေးစိတ်များကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေး ချေ။ Acerသည် အဆိုပါယာဉ်နှင့် ပတ်သက်၍ လျှပ်စစ်လောင်စာကို သာ အသုံးပြုသွားမည်ဖြစ်ပြီး စွမ်း အင်ချွေတာသည့်နည်းပညာကိုပါ ထည့်သွင်းထားသည်ဟုသိရသည်။ Acerသည်MPS Energy ဟု ခေါ် သည့် ဌာနခွဲတစ်ခုကို တည်ထောင် ထားပြီး လျှပ်စစ်ယာဉ်များအတွက် စွမ်းအင်ထုတ်လုပ်မှုကို ကူညီမည်ဟု ကြေညာထားခဲ့သည်။ ထို့ပြင်Smart Cars များအတွက် BMS ဟု ခေါ်သည့်Battery Management System တစ်ခုကို ထုတ်လုပ်နေခဲ့ ခြင်းဖြစ်ပါသည်။ Acer ၏ BMS စနစ်တွင်Motherboard တစ်ခုနှင့် ဘက်ထရီ သုံးခုပါဝင်ပြီး ဘက်ထရီ တစ်ခုတွင် ၈ ဒသမ ၇ ကီလိုဝပ်စီ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။
ပုံမှန်အားဖြင့် ကွန်ပျူတာကုမ္ပဏီ တစ်ခုဖြစ်သော Acer အနေဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုသည် သမားရိုးကျမဟုတ်ဟု ဆိုနိုင် သော်လည်း ပြိုင်ဘက်ကုမ္ပဏီများ ဖြစ်သည့်Samsung နှင့်Xiaomi တို့သည်လည်း မော်တော်ယာဉ် ထုတ်လုပ်မှုများ ရှိနေပြီး Appleကုမ္ပဏီသည်လည်း မောင်းသူမဲ့ကား တစ်မျိုး ထုတ်လုပ်ဖို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည့် အတွက် Acer အနေဖြင့် ဈေးကွက် ဝေစုရနိုင်ရန် ကြိုတင်ကြိုးပမ်းမှု တစ်မျိုး ဖြစ်နိုင်သည်ဟု ပညာရှင် များက ခန့်မှန်းထားကြောင်း သိရ သည်။
ALEZ

No comments:

Post a Comment