Sunday, November 1, 2015

အန်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်ထ်တို့၏ ရုပ်ရှင်သစ် ''By the Sea"




''By the Sea'' ရုပ်ရှင်သစ်မှာ ဟောလိဝုဒ်ရဲ့ကျော်ကြားတဲ့ ကြယ်ပွင့် စုံတွဲတစ်တွဲဖြစ်တဲ့ အန်ဂျ လီနာဂျိုလီနဲ့ ဘရက်ပစ်ထ်တို့ ဇနီး မောင်နှံနှစ်ဦး စလုံးပါဝင်သရုပ်ဆောင်ထားကြပါ တယ်။ အဲဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်းမှာတော့ သူတို့မောင်နှံ နှစ်ဦး အပြင်းအထန်ရန်ဖြစ်ခဲ့ကြပေမယ့် အပြင်မှာတော့ သူတို့နှစ်ဦးဟာ ရန်ဖြစ်ခဲပါတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မင်းသမီးဂျိုလီက ဆိုခဲ့ပါတယ်။
အဆိုပါရုပ်ရှင်မှာသူတို့နှစ်ဦးဟာလမ်းခွဲခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦး အဖြစ် ဂျိုလီက ဗန်နက်စာနေရာမှ လည်းကောင်း၊ ဘရက်ပစ်ထ်က ရိုလန်းဒ် နေရာမှလည်းကောင်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ ယင်း ရုပ်ရှင်ကို ပြီးခဲ့တဲ့သောကြာနေ့က ရုပ်ရှင်မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ပြသ ခဲ့ပါတယ်။
၎င်းရုပ်ရှင်မိတ်ဆက်ပွဲမှာ ရုပ်ရှင် ကို အမြည်းသဘောအနေနဲ့ ဇာတ် ဝင်ခန်း အနည်းငယ်ကိုသာထုတ်လွှင့် ပြသခဲ့တဲ့အတွက် ဇာတ်အိမ်ကိုခြုံငုံ မိခြင်းမရှိသည်နှင့်ပတ်သက်ပြီး ဂျိုလီ က 'ကျွန်မရဲ့ပရိသတ်ကိုရုပ်ရှင် သစ်မိတ်ဆက်တဲ့အခါ ရုပ်ရှင်သစ်နဲ့ ပတ်သက်တဲ့ သဲလွန်စလေးတွေပေး မယ်။ သူတို့ကို ရုပ်ရှင်တစ်ခုလုံးကြည့် ပြီးသွားသလိုခံစားရလာအောင်၊ ဒါမှ မဟုတ်ကြည့်ရတာပျင်းရိငြီးငွေ့လာ အောင်ဘယ်တော့မှ မလုပ်ချင်ဘူး။ ကျွန်မကိုယ်တိုင်ကလည်းရုပ်ရှင်တစ်ခုလုံးကို ပြသသွားတဲ့ ရုပ်ရှင်မိတ်ဆက် ပွဲတွေကိုမကြိုက်ဘူး။ မိတ်ဆက်ပြသ တာကို ကြည့်ပြီးတဲ့အချိန်မှာ သိချင် တာတွေ၊ မေးခွန်းတွေကျန်ရစ်ခဲ့တဲ့ ရုပ်ရှင်မျိုးကို ကြိုက်တာ။ အခုပြသ သွားတာ ကျွန်မဖြစ်ချင်တဲ့ပုံစံနဲ့ တစ်ထပ်တည်းပါပဲ''လို့Entertainment Weekly.comကို ပြောကြား ခဲ့ပါတယ်။
ယင်းမိတ်ဆက်ပွဲမှာ ပြသခဲ့တဲ့ ရုပ်ရှင်ရဲ့အစမှာ ဘရက်ပစ်ထ်ဟာ ပင်လယ်ကမ်းခြေမှာ တစ်ယောက် တည်းထိုင်နေပါတယ်။ အဲဒီနောက်မှာ တော့ သူတို့ဇနီးမောင်နှံနှစ်ဦးတစ် ယောက်တစ်နေရာဆီမှာရှိနေပြီးအချိန် တွေကို ကုန်ဆုံးစေတာကိုပြသခဲ့ပါ တယ်။ ဘရက်ပစ်ထ်ဟာလက်ဖက်ရည် ဆိုင်မှာအချိန်ဖြုန်းနေပြီး ဂျိုလီက တော့ သူ့အခန်းရှေ့က လသာဆောင် မှာဆေးလိပ်တစ်လိပ်ကိုရှိုက်နေပါ တယ်။ ရုပ်ရှင်တစ်ခုလုံးကတော့ သနား စရာ၊ ထိတ်လန့်စရာ၊ ရန်ဖြစ်သတ် ပုတ်တာတွေနဲ့ ပြည့်နေခဲ့ပါတယ်။
အဆိုပါရုပ်ရှင် 'By the Sea'ကို အမေရိကန်နိုင်ငံတစ်ဝန်းမှာ နိုဝင် ဘာ ၁၃ရက်ကစတင်ပြီး ရုံတင်ပြသ သွားမှာ ဖြစ်ကာ အင်္ဂလန်မှာတော့ ဒီဇင်ဘာ ၁၁ရက်မှာ စတင်ရုံတင် သွားမှာဖြစ်ပါတယ်။
ယခုရုပ်ရှင်ဟာ ဘရက်ပစ်ထ်တို့ မောင်နှံအတွက် ဒုတိယမြောက်ရုပ်ရှင် ပါ။သူတို့မောင်နှံနှစ်ဦးဟာ ၂ဝဝ၅ ခုနှစ်ကထုတ်လွှင့်ပြသခဲ့တဲ့ 'Mr. & Mrs. Smith'ရုပ်ရှင်မှာလည်း ဇနီး မောင်နှံအဖြစ်အတူတွဲဖက်သရုပ်ဆောင် ခဲ့ပြီးယင်းရုပ်ရှင်ဟာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။
အေးပြည့်-စုစည်းသည်

No comments:

Post a Comment