Sunday, November 1, 2015

ကိုယ်ပိုင်လေယာဉ် မတော်တဆပျက်ကျခဲ့ပြီးနောက် သတိမေ့ရောဂါခံစားလာရတဲ့ ဟယ်ရီစင်ဖို့ဒ်




ဟောလိဝုဒ်ရဲ့ အထင်ကရမင်းသားကြီးတစ်ဦးဖြစ်တဲ့ ဟယ်ရီစင်ဖို့ဒ်ဟာ ပြီးခဲ့တဲ့မတ်လအတွင်းက သူ့ရဲ့ကိုယ်ပိုင်လေယာဉ် ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျခြင်းဟာ သေစေနိုင်လောက်ပေမယ့် မင်းသားကတော့ သေကံမရောက်၊ သက်မပျောက်ခဲ့ပါဘူး။ ဒါပေမယ့် ဒဏ်ရာတော်တော်ရ သွားခဲ့တာမို့ ဆေးရုံတက်ရောက်ကာ ကုသမှုခံယူခဲ့ရပြီးနောက်ပိုင်းမှာလည်း သတိမေ့တဲ့ရောဂါကိုခံစားလာရကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံအစီအစဉ်တစ်ခုရဲ့အင်တာဗျူးမှာ ဖို့ဒ်ကပြောကြားခဲ့ပါ တယ်။
ဆရာဝန်တွေရဲ့ပြောကြားချက်အရ ယင်းကဲ့သို့ သတိမေ့တတ်လာခြင်း ဟာ ဆေးကုသမှုခံယူခဲ့စဉ်ကအသုံးပြုခဲ့ရတဲ့ ထုံဆေးတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်တယ်လို့ အသက် (၇၃)နှစ်အရွယ် ဖို့ဒ်ကဆိုခဲ့ပါတယ်။
ဆက်လက်ပြီး'Star Wars' မင်းသားကြီးကသူ့အနေဖြင့် လေယာဉ်ပျက် မကျမီစက်ရပ်သွားခဲ့ပြီး သူကိုယ်တိုင် ဆက်သွယ်ရေးစခန်းသို့အကြောင်းကြား ကာ အကြံဥာဏ်တောင်းခံခဲ့သည်ကိုမှတ်မိကြောင်း၊ သို့သော် နောက်ထပ် ဖြစ်သည့်အကြောင်းအရာများနှင့် မည်သို့ပျက်ကျသွားသည်ကိုမမှတ်မိတော့ ကြောင်း ယင်းမတော်တဆမှုနှင့်ပတ်သက်ပြီး ပြန်ပြောင်းပြောပြခဲ့ပါတယ်။
အေးပြည့်-စုစည်းသည်

No comments:

Post a Comment